
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၈ ရက်
ရုပ်ရှင်ရိုက်ကူးဖို့ ထိုင်းနိုင်ငံသို့သွားရောက်ခဲ့ရာမှ မြန်မာနိုင်ငံသို့ လူကုန်ကူးခံခဲ့ရတဲ့ တရုတ်သရုပ် ဆောင်တစ်ဉီးရဲ့အမှုမှာ ပါဝင်မှုသံသယနဲ့ ရဲတပ်ဖွဲ့က အမျိုးသားတစ်ဉီးကို ထိန်းသိမ်းခဲ့တယ်လို့ တရုတ် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ပြောပါတယ်။
ထိုင်းနိုင်ငံရဲ့ကူညီမှုနဲ့ ဝန်ကြီးဌာနရဲ့ အထူးတပ်ဖွဲ့နဲ့ ဗန်ကောက်မြို့ရှိ တရုတ်သံရုံးရဲ့ ပူးတွဲ ကြိုး ပမ်းမှုကြောင့် အရေးပါတဲ့ ရာဇဝတ်ကောင်သံသယရှိသူတစ်ဉီးကို ဖမ်းဆီးမိခဲ့တာလို့ တရုတ် ပြည်သူ့လုံ ခြုံရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်း ဆိုပါတယ်။
အဆိုပါသံသယရှိသူ “ရန်” ဆိုသူကို စနေနေ့က တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့တယ်လို့ ဝန် ကြီးဌာနက ပြောဆိုခဲ့ပေမယ့် အသေးစိတ်မရှင်းပြခဲ့ပါ။
အသက် (၂၂) နှစ်အရွယ် တရုတ်သရုပ်ဆောင် ဝန်ကျင်းဟာ ထိုင်းနိုင်ငံမှာ ရိုက်ကူးနေတဲ့ ရုပ်ရှင် တစ်ခုမှာပါဝင်ဖို့ ကမ်းလှမ်းမှုတစ်ခု လက်ခံရရှိပြီးနောက် ဒီလအစောပိုင်းမှာ ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ ပြီး မြန်မာနိုင်ငံရှိ ကျားဖြန့်လုပ်ငန်းတစ်ခုထံ လူကုန်ကူးခံခဲ့ရတာပါ။
ဝန်ကျင်းရဲ့ ချစ်သူမိန်းခလေးက လူမှုကွန်ရက်မှာ အဆိုပါဖြစ်စဉ်ကို ဖော်ပြပြီးနောက် နိုင်ငံတ ကာရဲ့ စိတ်ဝင်စားမှုခံလာရကာ နောက်ပိုင်းမှာ သူ့ကို ရဲတပ်ဖွဲ့က မြန်မာနိုင်ငံမှာ ရှာဖွေတွေ့ရှိကာ လွှတ် ပေးခဲ့ပါတယ်။
ကျားဖြန့်စင်တာတွေကို နှိမ်နင်းဖို့၊ နိုင်ငံတကာ ဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့၊ ရာဇဝတ်ကောင်တွေကို ဖမ်းဆီးရာမှာနဲ့ တရုတ်နိုင်ငံသားတွေကို ကယ်တင်ရာမှာပါဝင်တဲ့ တိုင်းပြည် တွေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ တရုတ်ရဲတပ်ဖွဲ့က ကြိုးပမ်းမှုတွေ အရှိန်မြှင့်သွားမယ်လို့ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနက ပြောပါတယ်။
မြန်မာနိုင်ငံရှိ ကျားဖြန့်လုပ်ငန်းတွေကို အမြစ်ပြတ်ချေမှုန်းဖို့ ပြီးခဲ့တဲ့အပတ်အတွင်း တရုတ်၊ မြန် မာနဲ့ ထိုင်းနိုင်ငံမှ တာဝန်ရှိသူတွေဟာ သဘောတူညီမှုတစ်ခု ရရှိခဲ့ပါတယ်။
ထိုင်းနိုင်ငံရဲ့ မြန်မာ၊ ကမ္ဘောဒီးယားနယ်စပ်တွေမှာ မှိုလိုပေါက်နေတဲ့ ကျားဖြန့်လုပ်ငန်းတွေကို စုံ စမ်းစစ်ဆေးကာ တိုက်ဖျက်မယ့် ညှိနှိုင်းရေးစင်တာတစ်ခု ဗန်ကောက်မြို့မှာ တည်ဆောက်ဖို့လည်း တ ရုတ်နဲ့ထိုင်းနိုင်ငံက သဘောတူခဲ့ပါတယ်။
ကိုးကား – Reuters
Ref; China captures scam center suspect with Thailand’s help
#Ayeyarwaddy_Times