ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၈ ရက်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ ခရုဇ်ဒုံးကျည်တစ်လုံး အောင်မြင်စွာ စမ်းသပ်မှု ကို ကွပ်ကဲခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပြီး အမေရိကန်နဲ့ တောင်ကိုရီးယားက ရန်စမှုတွေပြု လုပ်နေတယ်လို့ စွပ်စွဲခဲ့ပြီး ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ အပြင်းထန်ဆုံး တန်ပြန်အရေးယူမှု လုပ်ဆောင် မယ်လို့ ဆိုပါတယ်။

ခရုဇ်ဒုံးကျည်ဟာ ကီလိုမီတာ ၁၅၀၀ အထိ ရောက်ရှိခဲ့ပြီး ပစ်မှတ်တွေကို အတိအကျ ထိမှန်ခဲ့ တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဌာန KCNA က ဖော်ပြပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေနဲ့အတူ စစ်ရေးအရ ရန်စမှု တွေ ပြုလုပ်နေတယ်လို့ မြောက်ကိုရီးယားနိုင်ငံက ဇန်နဝါရီလ ၂၆ ရက်မှာ စွပ်စွဲခဲ့ပါတယ်။

“မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနဟာ အမေရိကန်နဲ့ တောင်ကိုရီးယားရဲ့ စစ်ရေးရန်စ မှုတွေကို အနီးကပ် စောင့်ကြည့်နေပြီး တန်ပြန်အရေးယူမှုတွေ ပြုလုပ်မယ်လို့ သတိပေးပါတယ်” လို့ တာဝန်ရှိသူတစ်ဉီးက ပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ အမေရိကန်နဲ့ တောင်ကိုရီးယားရဲ့ စစ်ရေးရန်စမှုကို ခွင့်ပြုမှာမဟုတ် ပဲ အချုပ်အခြာအာဏာ၊ လုံခြုံရေးနဲ့ နိုင်ငံ့အကျိုးစီးပွားကို ကာကွယ်မယ့် တန်ပြန်အရေးယူမှုတွေပြုလုပ် ကာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုရရှိအောင် လုပ်ဆောင်မယ်လို့ ၎င်းက ဆိုပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့် ကျမ်းသစ္စာကျိန်ဆိုမှုကြောင့် ရန်ဘက်နှစ်နိုင်ငံကြား ဆက်ဆံရေးမှာ တိုး တက်လာနိုင်တယ်ဆိုတဲ့ ထင်မြင်ယူဆချက်တွေ ရှိလာစေပါတယ်။

နျူကလီးယားအစီအစဉ် စွန့်လွှတ်မယ့်အစီအစဉ် မရှိဘူးလို့ မြောက်ကိုရီးယားနိုင်ငံက ပြီးခဲ့တဲ့အ ပတ်အတွင်း ထပ်လောင်းပြောကြားခဲ့ပြီး တင်းမာမှုတွေအတွက် အမေရိကန်နိုင်ငံကို အပြစ်ဖို့ခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ ဒေါ်နယ်ထရမ့်ရဲ့ ပထမသက်တမ်းအတွင်း ရုရှားနိုင်ငံနဲ့ နီးကပ်လာခဲ့ ပြီး ယူကရိန်းကျူးကျော်စစ်မှာ ရုရှားကိုကူညီဖို့ လက်နက်၊ ခဲယမ်းအပြင် စစ်သား ၁၂၀၀၀ စေလွှတ်ခဲ့ပါ တယ်။

ကိုးကား – RFA
Ref; North Korea tests cruise missile; warns US, South Korea on ‘provocation’

#Ayeyarwaddy_Times