ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၉ ရက်

လာမယ့်အပတ် တရုတ်ခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံကာ ထိုင်းနိုင်ငံမှာ ကမ္ဘာလှည့်ခရီးသွားတွေ ဘေးကင်းလုံခြုံရေးနဲ့ပတ်သက်လို့ စိုးရိမ်မှုတွေကို ဖြေရှင်းမယ်လို့ ထိုင်းဝန်ကြီး ချုပ် ပေထောင်တန်ရှင်နာဝပ်ထရာက ပြောပါတယ်။

ဒီလအစောပိုင်းက မြန်မာနယ်စပ်အနီး တရုတ်သရုပ်ဆောင်တစ်ဉီး လူကုန်ကူးခံရပြီးနောက် ခရီး သွားအချို့က ခရီးစဉ်တွေ ဖျက်သိမ်းတဲ့သတင်းတွေဖြစ်ပေါ်လို့ တရုတ် ကမ္ဘာလှည့်ခရီးသွားတွေရဲ့ ဘေး ကင်းလုံခြုံရေးအတွက် ထိုင်းအစိုးရက အာမခံမှုပေးပြီးနောက် ပေထောင်တန်က ဖေဖော်ဝါရီလ ၅ ရက်မှ ၈ ရက်အထိ ပေကျင်းမြို့တော်သို့သွားရောက်ဖို့ စီစဉ်ထားပါတယ်။

ထိုင်းနိုင်ငံမှာ ဘေးကင်းလုံခြုံမှုနဲ့ပတ်သက်လို့ အပျက်သဘောဆောင်တဲ့ ကောလဟလတွေကို တိုက်ဖျက်ရာမှာ တရုတ်နိုင်ငံရဲ့ အကူအညီကို တောင်းခံမယ်လို့ ပေထောင်တန်က ပြောကြားပြီး အိမ်နီး ချင်းတိုင်းပြည်များရှိ ကျားဖြန့်လုပ်ငန်းတွေနဲ့ပတ်သက်လို့ ရှီကျင့်ဖျင်ကို စိုးရိမ်မှုတွေ ပြောပြမယ်လို့ ဆို ပါတယ်။

တရုတ်နိုင်ငံဟာ ထိုင်းနိုင်ငံအတွက် ကမ္ဘာ့လှည့်ခရီးသွား အများဆုံးလာရောက်တဲ့ အရင်းအမြစ် ဖြစ်ပြီး ၂၀၂၄ ခုနှစ်အတွင်း ထိုင်းနိုင်ငံသို့လာရောက်တဲ့ ခရီးသွား ၃၅ ဒသမ ၅ သန်းအနက် ၆ ဒသမ ၇ သန်းဟာ တရုတ်နိုင်ငံမှဖြစ်ပါတယ်။

ကျားဖြန့်လုပ်ငန်းတွေကို ထိထိရောက်ရောက် ဖြိုခွင်းဖို့နဲ့ တိုင်းပြည်ဂျီဒီပီရဲ့ ၁၂ ရာခိုင်နှုန်းခန့်ရှိ ပြီး အလုပ်အကိုင်တွေရဲ့ ငါးပုံတစ်ပုံနီးပါး ဖန်တီးပေးတဲ့ ခရီးသွားလုပ်ငန်း ဘေးကင်းလုံခြုံရေး အရှိန်မြှင့် လုပ်ဆောင်ဖို့ ပေထောင်တန်က တရားဥပဒေစိုးမိုးရေးအေဂျင်စီတွေကို ညွှန်ကြားခဲ့ပါတယ်။

အရှေ့တောင်အာရှဒေသမှာ ဒေါ်လာ ဘီလီယံချီတဲ့ ကျားဖြန့်လုပ်ငန်းတွေဟာ လာအို၊ ကမ္ဘောဒီး ယားနဲ့ မြန်မာနိုင်ငံမှာ လုပ်ငန်းတွေ တိုးချဲ့နေကြပါတယ်။

၂၀၂၀ ပြည့်နှစ် တရုတ်ပြည်တွင်း ဖြိုခွင်းမှုကြောင့် ထွက်ပြေးလာတဲ့ တရုတ်တရားခံပြေးတွေဟာ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားရာနယ်မြေတွေမှာ ကျားဖြန့်လုပ်ငန်း တွေ လုပ်ကိုင်နေကြတာပါ။

ကိုးကား – Bloomberg
Ref; Thai PM to enlist Xi’s help to ease Chinese tourists’ concerns

#Ayeyarwaddy_Times