ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၅ ရက်

၂၀၂၀ ပြည့်နှစ်မှာ ဒေါ်နယ်ထရမ့် အမေရိကန်သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံခဲ့ရပါက ယူ ကရိန်းစစ်ပွဲ ဖြစ်မလာဘူးလို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောပါတယ်။

ယူကရိန်းစစ်ပွဲနဲ့ပတ်သက်လို့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ရုရှားနိုင်ငံက လမ်းဖွင့်ထားဆဲလို့ သော ကြာနေ့က နိုင်ငံပိုင်ရုပ်သံဌာန Russia Rossiya 1 TV နဲ့ အင်တာဗျူးမှာ ပူတင်က ပြောပါတယ်။

အမေရိကန်အစိုးရနဲ့ ဆက်သွယ်ဖို့ ရုရှားနိုင်ငံက မည်သည့်အခါမှ ပယ်မချခဲ့ပေမယ့် ဂျိုးဘိုင်ဒင် အစိုးရက ထိတွေ့ဆက်ဆံမှုပြုလုပ်ဖို့ မရွေးချယ်ခဲ့ဘူးလို့ သူက ဆိုပါတယ်။

ဒေါ်နယ်ထရမ့်ဟာ ယခင်သမ္မတသက်တမ်းအတွင်း ရုရှားနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများစွာ ပြုလုပ်ခဲ့တယ်လို့ ၎င်းက ထောက်ပြခဲ့ပါတယ်။

ရုရှားနိုင်ငံက ယူကရိန်းအရေးမှာ တွေ့ဆုံဆွေးနွေးဖို့ အဆင့်သင့်ရှိမှုကို စဉ်ဆက်မပြတ် ထုတ် ဖော်ပြသခဲ့ပေမယ့် အတားအဆီးတွေ ရှိနေဆဲပဲလို့ သူက ဆက်ပြောပါတယ်။

ယူကရိန်းသမ္မတ ဇီလန်စကီးကို ဖိအားပေးဖို့ ပူတင်က ယူကရိန်းနိုင်ငံရဲ့ ငွေကြေးထောက်ပံ့နိုင်ငံ တွေကို တိုက်တွန်းခဲ့ပါတယ်။

မဟာဗျူဟာမြောက် တည်ငြိမ်မှု၊ စီးပွားရေးကိစ္စရပ်တွေ၊ စွမ်းအင်ထုတ်လုပ်မှု အပါအဝင် နယ် ပယ်များစွာမှာ ရုရှားနဲ့ အမေရိကန်ကြား အပြုသဘောဆောင်သော ထိတွေ့ဆက်ဆံမှုပြုလုပ်ဖို့ မျှော်လင့် တယ်လို့ ၎င်းက ဆိုပါတယ်။

ကိုးကား – Anadolu
Ref; Putin says if Trump was reelected in 2020, Ukrainian crisis might not have occurred

#Ayeyarwaddy_Times