
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၅ ရက်
မြန်မာ၊ ကမ္ဘောဒီးယားတို့နဲ့ ထိစပ်နေတဲ့ ထိုင်းနယ်စပ်တစ်လျှောက် မြန်ဆန်စွာ ကြီးထွားလာတဲ့ တရားမဝင် အွန်လိုင်းငွေလိမ်လည်မှုတွေကို တိုက်ဖျက်ဖို့ ထိုင်းနဲ့တရုတ်က အတူလက်တွဲသွားမယ်လို့ သိရပါတယ်။
ဗန်ကောက်မြို့ရှိ ရဲတပ်ဖွဲ့ဌာနချုပ်မှာ ညှိနှိုင်းဆောင်ရွက်ရေးစင်တာတစ်ခု တည်ဆောက်ကာ ကျားဖြန့်လုပ်ငန်းတွေ အများဆုံးတည်ရှိရာ မြန်မာနိုင်ငံ၊ မြဝတီမြို့နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ မဲဆောက် ခရိုင်မှာ အလားတူစင်တာတစ်ခု ထူထောင်ဖို့ တရုတ်အာဏာပိုင်တွေက စီစဉ်နေတယ်လို့ ထိုင်းရဲတပ်ဖွဲ့ က သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။
“မြန်မာနိုင်ငံ၊ မြဝတီမြို့မှာ အခြေစိုက်တဲ့ ကျားဖြန့်ဂိုဏ်းတွေနဲ့ တရုတ်၊ ထိုင်းနိုင်ငံသားတွေပါ ဝင်တဲ့ ကမ္ဘောဒီးယားနယ်စပ်တစ်လျှောက်က ကျားဖြန့်လုပ်ငန်းတွေကို ဖော်ထုတ်ပြီး တိုက်ဖျက်ဖို့ ဒီစင် တာတွေက တရုတ်နိုင်ငံနဲ့ လက်တွဲဆောင်ရွက်မှာဖြစ်ပါတယ်” လို့ ထိုင်းရဲတပ်ဖွဲ့က ဆိုပါတယ်။
“ဒီညှိနှိုင်းဆောင်ရွက်ရေးစင်တာတွေကို ဖေဖော်ဝါရီလအတွင်း လုပ်ငန်းလည်ပတ်မှုတွေ စတင်ဖို့ မျှော်မှန်းထားပါတယ်” လို့ ဗန်ကောက်မြို့တော်ရှိ ထိုင်းနဲ့ တရုတ်လုံခြုံရေး တာဝန်ရှိသူတွေရဲ့ အစည်းအ ဝေးတစ်ရပ် ပြုလုပ်ပြီးနောက် ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်တစ်ရပ်က ဖော်ပြပါတယ်။
ကျားဖြန့်လုပ်ငန်းတွေကို အရေးယူမှုတွေပြုလုပ်ဖို့ ထိုင်းနိုင်ငံရှိ အာဏာပိုင်တွေအပေါ် ပြည်သူ တွေရဲ့ဖိအားပေးမှုတွေ တိုးမြှင့်နေပါတယ်။
တရုတ်သရုပ်ဆောင် ဝမ်ကျင်းကို မြန်မာနိုင်ငံဘက်မှာ ပြန်ပေးဆွဲပြီးနောက် တရုတ်နိုင်ငံက လည်း အွန်လိုင်းလိမ်လည်မှုတွေကို စိုးရိမ်မှုတွေ ရှိလာခဲ့ပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာလမှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း တရုတ်နိုင်ငံသား ၅၃၀၀၀ အပါ အဝင် နိုင်ငံခြားသား ၅၅၀၀၀ ကျော်ကို နေရပ်ပြန်ပို့ခဲ့တယ်လို့ မြန်မာစစ်ကောင်စီထိန်းချုပ် The Global New Light of Myanmar သတင်းစာက ဖော်ပြခဲ့ပါတယ်။
ကျားဖြန့်လုပ်ငန်းတွေဟာ အိမ်နီးချင်းတိုင်းပြည်များမှ ထောက်ပံ့ကူညီမှုတွေ ရရှိခဲ့တယ်လို့ မြန် မာစစ်ကောင်စီက ပြောကြားခဲ့ပေမယ့် ထိုင်း ဒုတိယဝန်ကြီးချုပ် ဝီချာရာချိုင်းက ကြာသပတေးနေ့မှာ အဆိုပါပြောကြားချက်ကို ပယ်ချခဲ့ပါတယ်။
ကိုးကား – Reuters
Ref; Thailand and China to set up coordination centre to combat scam call networks
#Ayeyarwaddy_Times