
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၄ ရက်
ယူကရိန်းတပ်ဖွဲ့က နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုမှာ နယ်မြေတွေသိမ်းပိုက်နိုင်ခဲ့ရာ ရုရှားနိုင်ငံ အနောက်ပိုင်း ကာတ်စ်ဒေသမှာ ရုရှားတပ်ဖွဲ့ကိုကူညီဖို့ မြောက်ကိုရီးယားက နှစ်လအတွင်း တပ်ဖွဲ့တွေ ထပ်မံစေလွှတ်မယ်လို့ ယူဆရကြောင်း The New York Times သတင်းစာက အမေရိကန် တာဝန်ရှိသူ တစ်ဉီးကို ကိုးကားပြီး ပြောပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ ပြီးခဲ့တဲ့ ဆောင်းဉီးရာသီမှာ ကာတ်စ်ဒေသသို့ တပ်ဖွဲ့ဝင် ၁၁၀၀၀ ခန့် စေလွှတ်ကာ ယူကရိန်းတပ်ဖွဲ့ သိမ်းပိုက်ထားတဲ့ ပိုင်နက်နယ်မြေကို ပြန်လည်သိမ်းပိုက်ဖို့တိုက်ပွဲမှာ ရု ရှားတပ်ဖွဲ့ကို ကူညီခဲ့တယ်လို့ The New York Times က ဖော်ပြပါတယ်။
မြောက်ကိုရီးယားတပ်ဖွဲ့ဝင် သုံးပုံတစ်ပုံခန့် ကျဆုံး သို့မဟုတ် ဒဏ်ရာရရှိခဲ့ပြီလို့ ယူကရိန်းနဲ့ အ မေရိကန် တာဝန်ရှိသူတွေက ပြောကြားခဲ့တယ်လို့ The New York Times က ဆိုပါတယ်။
မြောက်ကိုရီးယားစစ်သားတွေဟာ ကနဉီးမှာ တိုက်ခိုက်ရေး အတွေ့အကြုံမရှိပေမယ့် လက်ရှိမှာ တိုက်ခိုက်ရေး အတွေ့အကြုံရရှိကာ အလွန် သန်မာလာပြီလို့ ယူကရိန်းတပ်မှူးတစ်ဉီးကို ကိုးကားပြီး The New York Times က ပြောပါတယ်။
လာမယ့်နှစ်လအတွင်း မြောက်ကိုရီးယားနိုင်ငံက တပ်ဖွဲ့ဝင်တွေ ထပ်မံ စေလွှတ်မယ်လို့ ယူဆရ တယ်လို့ အမေရိကန် တာဝန်ရှိသူတစ်ဉီးကို ကိုးကားပြီး The New York Times က ဖော်ပြပါတယ်။
မြောက်ကိုရီးယားမှ တပ်ဖွဲ့ဝင် ခန့်မှန်းချေ ၁၁၀၀၀ စေလွှတ်ခဲ့ပြီး ဇန်နဝါရီလလယ်မတိုင်မီ ၁၀၀၀ ဝန်းကျင် ကျဆုံးခဲ့တယ်လို့ အနောက်နိုင်ငံ တာဝန်ရှိသူတွေကို ကိုးကားပြီး BBC သတင်းဌာနက ဆိုပါတယ်။
ကြာသပတေးနေ့ အစေစာပိုင်းက ရုရှားရဲ့ ဒုံးကျည်နဲ့ဒရုန်းတိုက်ခိုက်မှုကြောင့် လူတစ်ဉီး သေ ဆုံးကာ ၄၅ ဉီး ဒဏ်ရာရရှိခဲ့တယ်လို့ ယူကရိန်းတောင်ပိုင်း ဇာပိုရီဇီယာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ယူကရိန်းသမ္မတ ဇီလန်စကီးက တိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး ဒုတိယအကြိမ် လက်နက်ကြီးပစ် ခတ်မှုမှာ ကယ်ဆယ်ရေးသမားတွေ ဒဏ်ရာရရှိခဲ့တယ်လို့ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
ကိုးကား – NHK
Ref; US media: N.Korea to send more troops within 2 months to aid Russia in Kursk
#Ayeyarwaddy_Times