ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၄ ရက်

ထိုင်းနဲ့မြန်မာက ပြင်းထန်သော အစီအမံတွေနဲ့ နယ်စပ်ဖြတ်ကျော် အွန်လိုင်းလိမ်လည်မှုကို ထိ ထိရောက်ရောက်နှိမ်နင်းပြီး ရာဇဝတ်ကောင်တွေကို ပြစ်ဒဏ်မှသက်ညှာခွင့်မပြုဖို့ တရုတ်နိုင်ငံက မျှော် လင့်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဉီးက ပြောပါတယ်။

တရုတ်နိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး ချတ်ချိုင်း၊ တရုတ်နိုင်ငံဆိုင်ရာ စစ်ကောင်စီခန့် သံ အမတ် ဉီးတင်မောင်ရွှေတို့နဲ့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံချိန်မှာ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ ဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် လျူကျင်ဆောင်က အခုလို ပြောကြားခဲ့တာပါ။

တွေ့ဆုံမှုအတွင်း နယ်စပ်ဖြတ်ကျော် တယ်လီကွန်းလိမ်လည်မှုတွေ ဖြိုခွင်းရာမှာ ပူးပေါင်း ဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို ၎င်းတို့က ဆွေးနွေးခဲ့ပါတယ်။

ထိုင်းနဲ့မြန်မာကြား နယ်စပ်ဒေသမှာ မကြာသေးမီက အွန်လိုင်းလိမ်လည်မှုတွေ ဆက်တိုက်ဖြစ် ပွားခဲ့ပြီး တရုတ်နဲ့အခြားတိုင်းပြည်များမှ ပြည်သူတွေရဲ့ အကျိုးစီးပွားကို ထိခိုက်စေတယ်လို့ လျူကျင် ဆောင်က ပြောပါတယ်။

ထိုင်းနဲ့မြန်မာက ကျားဖြန့်ပြဿနာကို အလေးထားပြီး ပြင်းထန်သော အစီအမံတွေနဲ့ တိုက် ဖျက်ကာ ပြည်သူတွေရဲ့ အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်ပြီး ရာဇဝတ်ကောင်တွေကို ပြစ်ဒဏ် မှသက်ညှာခွင့်မပြုဖို့ မျှော်လင့်တယ်လို့ ၎င်းက ဆိုပါတယ်။

ပြည်သူတွေကြား အပြန်အလှန်လည်ပတ်နိုင်မယ့် ဘေးကင်းသောပတ်ဝန်းကျင်တစ်ရပ် ဖန်တီး နိုင်ဖို့ အာဆီယံနိုင်ငံတွေနဲ့ ဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ တရုတ်နိုင်ငံက ဆန္ဒရှိတယ် လို့ သူက ဆက်ပြောပါတယ်။

တရုတ်နိုင်ငံရဲ့ စိုးရိမ်ပူပန်မှုတွေကို အလွန် အလေးထားပြီး ကျားဖြန့်ဖြစ်စဉ်တွေအတွက် စိတ်မ ကောင်းဖြစ်ရတယ်လို့ တရုတ်နိုင်ငံဆိုင်ရာ ထိုင်းနဲ့ မြန်မာစစ်ကောင်စီ သံအမတ်တွေက ပြောပါတယ်။

ကျားဖြန့်လုပ်ငန်းတွေမှာ ပိတ်မိနေသူတွေကို ကယ်တင်ပြီး ဥပဒေနဲ့အညီ ရာဇဝတ်ဂိုဏ်းတွေကို ပြင်းထန်တဲ့ ပြစ်ဒဏ်တွေနဲ့ အရေးယူကာ နယ်စပ်ထိန်းချုပ်မှုနဲ့ အရေးပါတဲ့ဧရိယာတွေ ကြီးကြပ်မှုတိုး မြှင့်ပြီး နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ ပေါက်ဖွားရာနေရာတွေကို အမြစ်ဖြတ်နှိမ်နင်းမယ့် ရေရှည် ယန္တယားတွေ ချမှတ်ဖို့ သံအမတ်တွေက ကတိပြုပါတယ်။

ကိုးကား – Xinhua
Ref; China calls on Thailand, Myanmar to resolutely crack down on cross-border telecom fraud

#Ayeyarwaddy_Times