ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၄ ရက်

ဗီယက်နမ်နိုင်ငံက မြန်မာ့အခြေအနေကို အမြဲတမ်း အနီးကပ် စောင့်ကြည့်နေပြီး ပြည်သူတွေ၊ ဒေသတွင်းနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုအတွက် တည်ငြိမ်မှု အမြန်ဆုံး ပြန်လည်ရရှိဖို့ မျှော်လင့် တယ်လို့ ဝန်ကြီးချုပ် ဖန်မင်ချင်က ဇန်နဝါရီလ ၂၂ ရက်မှာ ပြောကြားခဲ့ပါတယ်။

ကမ္ဘာ့စီးပွားရေးဖိုရမ်ကျင်းပရာ ဆွစ်ဇာလန်နိုင်ငံ၊ ဒါဗို့စ်မြို့တော်မှာ မြန်မာနိုင်ငံဆိုင်ရာ ကုလ သမဂ္ဂ အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ပ်နဲ့ တွေ့ဆုံချိန်မှာ မြန်မာ့လွတ်လပ်ရေး အချုပ်အခြာအာ ဏာနဲ့ ပိုင်နက်နယ်မြေတည်တံ့မှုကို လေးစားသမှုရှိတဲ့ ဗီယက်နိုင်ငံရဲ့ အပြောင်းအလဲမရှိသော ရပ်တည် ချက်ကို ၎င်းက ထပ်လောင်းအတည်ပြုခဲ့ပါတယ်။

“မြန်မာပြည်သူတွေရဲ့ အသက်အိုးအိမ်ကို အပျက်သဘောဆောင်စွာ သက်ရောက်စေတဲ့ ဒဏ် ခတ်ပိတ်ဆို့မှု အစီအမံတွေကို ဗီယက်နမ်နိုင်ငံက ဆန့်ကျင်ပြီး မြန်မာ့အရေးကို မြန်မာပြည်သူတွေကိုယ် တိုင် သဘောတူညီမှု၊ အပေးအယူ၊ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးပါဝင်မှုနဲ့ ဖြေရှင်းရမယ်” လို့ သူက ထောက်ပြပါတယ်။

အာဆီယံနဲ့မြန်မာမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု ဆောင်ကြဉ်းပေးဖို့ ဗီယက်နမ်နိုင်ငံက အဆင် သင့်ရှိပြီး ထိုရည်မှန်းချက်အတွက် ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ပြင်ဆင်ထားကာ မြန်မာ့အရေး အဖြေရှာနိုင်ရေး တွေ့ဆုံဆွေးနွေးဖို့ ကျင်းပပေးမယ်လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းသောအဖြေရှာဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနဲ့ ညှိနှိုင်း ဆောင်ရွက်ရာမှာ အာဆီယံနဲ့ ဗီယက်နမ်နိုင်ငံရဲ့ ဗဟိုကျတဲ့ အခန်းကဏ္ဍကိုလည်း ၎င်းက ထည့်သွင်း ပြောခဲ့ပါတယ်။

စိတ်ရှည်သည်းခံမှု ကျင့်သုံးဖို့၊ အကြမ်းဖက်မှုတွေ ရပ်ဆိုင်းဖို့၊ အရပ်သားတွေအတွက် လုံခြုံရေးနဲ့ ဘေးကင်းလုံခြုံမှု ဆောင်ရွက်ဖို့၊ မြန်မာ့အရေး ငြိမ်းချမ်းသော အဖြေရှာနိုင်ရေး အဖွဲ့အစည်းအားလုံးပါ ဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြန်လည်စတင်ဖို့ အဖွဲ့အစည်းအားလုံးကို ဉီးစားပေးဖို့ လိုအပ်တယ်လို့ ဂျူ လီဘစ်ရှော့ပ်က ပြောပါတယ်။

အာဆီယံအဖွဲ့နဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်ဖို့နဲ့ ငြိမ်းချမ်းသော အဖြေတစ်ခုရှာရေး အဖွဲ့အ စည်းအားလုံးကြား တွေ့ဆုံဆွေးနွေးမှုတွေ တိုးမြှင့်မယ့် ကတိကဝတ်ကို ၎င်းက အတည်ပြုခဲ့ပါတယ်။

ကိုးကား – VNA
Ref; Việt Nam hopes for stability to return to Myanmar soon

#Ayeyarwaddy_Times