ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၃ ရက်

ယူကရိန်းကျူးကျော်စစ်ပွဲ အဆုံးမသတ်ရင် ရုရှားနိုင်ငံကို စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြု လုပ်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လူမှုကွန်ရက်မှာ ခြိမ်းခြောက်ခဲ့ပါတယ်။

“ဒီအဓိပ္ပာယ်မရှိတဲ့စစ်ပွဲကို ရပ်တန့်လိုက်ပါ။ စစ်ပွဲက အခြေအနေပိုဆိုးလာပါတယ်။ ကျွန်တော့် မှာ အခြားရွေးချယ်စရာမရှိလို့ အမေရိကန်နိုင်ငံထံ ရုရှားကရောင်းချတဲ့ ကုန်ပစ္စည်းတွေအပေါ် အခွန်နဲ့ စည်းကြပ်ခွန်တွေ တိုးမြှင့်ရပါမယ်” လို့ ၎င်းက ပြောပါတယ်။

အမေရိကန်အစိုးရက ဥရောပသမဂ္ဂအပေါ် စည်းကြပ်ခွန်သတ်မှတ်ဖို့ ဆွေးနွေးနေတယ်လို့ သူက အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။

ပြင်သစ်နဲ့ဂျာမနီခေါင်းဆောင်တွေကလည်း အဆိုပါကိစ္စကို ဆွေးနွေးခဲ့ပြီး စည်းလုံးညီညွတ်ဖို့ တောင်းဆိုခဲ့ပါတယ်။

“အမေရိကန်နိုင်ငံမှာ အစိုးရသစ်တစ်ရပ် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ပြင်သစ်နဲ့ဂျာမနီဟာ စည်းလုံးညီညွတ်မှု၊ အချုပ်အခြာအာဏာပိုင်တဲ့ ဥရောပတိုက်ဖြစ်လာဖို့ အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်ပါမယ်” လို့ ပြင်သစ်သမ္မတ အီမန်နျူရယ်မေခရွန်က ပြောကြားခဲ့ပါတယ်။

“ဉရောပတိုက်ဟာ အပြုသဘောဆောင်တဲ့၊ ယုံကြည်မှုရှိတဲ့ မိတ်ဖက်ဖြစ်လာပါမယ်။ ကျွန်တော် တို့ အမေရိကန်နိုင်ငံ၊ အမေရိကန်သမ္မတသစ်နဲ့ အတူလက်တွဲ လုပ်ဆောင်သွားပါမယ်” လို့ ဂျာမနီဝန်ကြီး ချုပ် အိုလက်ဖ်ရှိူးက ပြောကြားခဲ့ပါတယ်။

မော်တော်ယာဉ်၊ သံမဏိနဲ့ ဓာတုနယ်ပယ်တွေကို စည်းကြပ်ခွန်ကောက်ခံဖို့ ပစ်မှတ်ထားလာနိုင် တယ်လို့ ခေါင်းဆောင်နှစ်ဉီးက ပြောပါတယ်။

ကိုးကား – NHK
Ref; Trump threatens Russia with tariffs over war in Ukraine

#Ayeyarwaddy_Times