ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၃ ရက်

ရုရှားနိုင်ငံနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိပါက ယူကရိန်းနိုင်ငံရဲ့လုံခြုံရေးအတွက် ဥ ရောပတိုင်းပြည်များမှ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင် ၂၀၀၀၀၀ ထက်မနည်း လိုအပ်မယ်လို့ သမ္မတ ဇီလန်စကီးက ပြောပါတယ်။

အင်္ဂါနေ့က ဆွစ်ဇာလန်နိုင်ငံမှာ နှစ်စဉ်ကျင်းပနေကျ အစည်းအဝေးတစ်ခုဖြစ်တဲ့ ကမ္ဘာ့စီးပွား ရေးဖိုရမ်မှာ ၎င်းက အခုလို ပြောကြားခဲ့တာပါ။

ရုရှားနိုင်ငံနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တစ်ရပ် ရရှိပါက ဥရောပတိုင်းပြည်များမှ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင်တွေ စေလွှတ်နိုင်ဖွယ်ရှိမှုနဲ့ပတ်သက်လို့ သူ့ကို မေးမြန်းခဲ့တာပါ။

ဥရောပတိုင်းပြည်များမှ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင် ၂၀၀၀၀၀ ထက်မနည်း လိုအပ်မယ် လို့ ၎င်းက ဆိုပါတယ်။

ရုရှားစစ်တပ်က တပ်ဖွဲ့ဝင် ၁ ဒသမ ၅ သန်းခန့် စေလွှတ်နိုင်ပြီး နှိုင်းယှဉ်ကြည့်ပါက ယူကရိန်း နိုင်ငံက တပ်ဖွဲ့ဝင် ၈၀၀၀၀၀ ဝန်းကျင်သာရှိရာ ရုရှားကျူးကျော်မှုကို ဟန့်တားနိုင်ဖို့ အနည်းဆုံး တပ်ဖွဲ့ ဝင် ၂၀၀၀၀၀ လိုအပ်မယ်လို့ သူက ရှင်းပြပါတယ်။

တပ်ဖွဲ့ဝင် ၂၀၀၀၀၀ ဟာ ပြင်သစ်စစ်တပ်တစ်ခုလုံးရဲ့ အင်အားဝန်းကျင်ဖြစ်တယ်လို့ ရိုက်တာသ တင်းဌာနက ဖော်ပြပါတယ်။

ယူကရိန်းနိုင်ငံအတွက် နေတိုးအဖွဲ့ဝင်ရောက်ဖို့ ခိုင်မာတဲ့ လမ်းညွှန်မြေပုံရှိပါက နေတိုးအဖွဲ့ဝင်မ ဖြစ်မီ ယူကရိန်းနိုင်ငံမှာ ပြည်ပတပ်ဖွဲ့တွေ စေလွှတ်ဖို့ စဉ်းစားနိုင်တယ်လို့ ဇီလန်စကီးက ပြီးခဲ့တဲ့အပတ် အတွင်း ပြောကြားခဲ့ပါတယ်။

တနင်္လာနေ့က ကျမ်းသစ္စာကျိန်ဆိုခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံမှုပြုလုပ်နိုင် ရေး စီစဉ်နေတယ်လို့ ၎င်းက ဆိုပါတယ်။

ကိုးကား – NHK
Ref; Zelenskyy says Ukraine would need at least 200,000 peacekeepers after ceasefire

#Ayeyarwaddy_Times