
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၃ ရက်
တရုတ်၊ မြန်မာနဲ့ ထိုင်းနိုင်ငံမှ တာဝန်ရှိသူတွေဟာ အင်္ဂါနေ့ကကျင်းပတဲ့ အစည်းအဝေးတစ်ခုမှာ မြန်မာနိုင်ငံရှိ ကျားဖြန့်လုပ်ငန်းတွေကို အမြစ်ဖြတ်နှိမ်နင်းဖို့ ဘုံသဘောတူညီချက် ရရှိခဲ့တယ်လို့ တရုတ် နိုင်ငံပိုင်ရုပ်သံလွှင့်ဌာန CCTV က ပြောပါတယ်။
ရာဇဝတ်ဂိုဏ်းခေါင်းဆောင်တွေကို ဖမ်းဆီးဖို့၊ ကျားဖြန့်စင်တာတွေကို ဖြိုခွင်းဖို့နဲ့ ကျားဖြန့်လုပ် ငန်းတွေမှာ ပိတ်မိနေသူတွေကို ကယ်ဆယ်ဖို့ မြန်မာ၊ တရုတ်၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်းနဲ့ ဗီယက်နမ် နိုင်ငံမှ အာဏာပိုင်တွေက တရုတ်နိုင်ငံ၊ ကူမင်းမြို့တော်မှာကျင်းပတဲ့ အစည်းအဝေးမှာ သဘောတူခဲ့ တယ်လို့ CCTV ရုပ်သံလွှင့်ဌာနက ဆိုပါတယ်။
ထိုင်း-မြန်မာနယ်စပ်အနီး ပျောက်ဆုံးသွားတဲ့ တရုတ်သရုပ်ဆောင်တစ်ဉီးရဲ့ ဖြစ်စဉ်အပါအဝင် လူပျောက်ဆုံးမှုဖြစ်စဉ်တွေ ဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံဟာ မကြာသေးမီက ကျားဖြန့်လုပ်ငန်းတွေ အပေါ် ဖြိုခွင်းမှုတွေ အရှိန်မြှင့်ခဲ့ပါတယ်။
အွန်လိုင်းလောင်းကစားနဲ့ ကျားဖြန့်လုပ်ငန်းတွေကို အရေးယူမယ့် အစီအမံတွေ လုပ်ဆောင်ဖို့ ပြီးခဲ့တဲ့အပတ်က ပေကျင်းမြို့မှာ အာဆီယံနိုင်ငံများမှ သံအမတ်တွေနဲ့တွေ့ဆုံမှုတစ်ခုအတွင်း နိုင်ငံခြား ရေးဝန်ကြီး ဝမ်ယိက တောင်းဆိုခဲ့ပါတယ်။
၂၀၂၃ ခုနှစ်နောက်ပိုင်း ရှိယင်းစွဲ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးနဲ့ လူသားချင်းစာနာမှုကို အ ခြေခံပြီး တရုတ်နိုင်ငံသား ၅၃၃၈၈ ဉီးကို အရေးမယူပဲ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့တယ်လို့ ပေကျင်း မြို့ရှိ မြန်မာသံရုံးက ပြောပါတယ်။
“စစ်ကောင်စီက အွန်လိုင်းလောင်းကစားကို အားမပေးဘဲ နှိမ်နင်းမှုတွေ လုပ်ဆောင်နေတယ်” လို့ မြန်မာသံရုံးက ဆိုပါတယ်။
ကိုးကား – VN Express
Ref; China, Myanmar, Thailand reach consensus to eradicate telecom fraud centers
#Ayeyarwaddy_Times