
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၂ ရက်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ကို စစ်ကောင်စီက လေယာဉ်ဖြင့်ဗုံးနှစ်ကြိမ် ကြဲချ တိုက်ခိုက်မှုကြောင့် လက်ဖက်ရည်ဆိုင်ပေါ်သို့ ကျရောက်ပေါက်ကွဲကာ အရပ်သား ၁၀ ဦးနီးပါး သေဆုံးကြောင်း ဒေသခံများထံက သိရသည်။
စစ်ကောင်စီသည် ယနေ့ ဇန်နဝါရီ ၂၂ ရက်နေ့ နံနက် ၁၁ နာရီခန့်က နောင်ချိုမြို့နယ် ရဲစခန်းအနီးရှိ ပါရမီ ၂ လက် ဖက်ရည်ဆိုင်ပေါ်သို့ လေယာဉ်ဖြင့် ဗုံးကြဲချခဲ့ရာ အရပ်သား ၁၀ ဦးနီးပါးသေဆုံးကြောင်း သိရသည်။
“သေဆုံးသူတွေက လက်ဖက်ရည်ဆိုင်ပိုင်ရှင် မိသားစုနဲ့ ဝန်ထမ်းတွေ။ ခေါင်းတွေ ခြေတွေ လက်တွေ ပြတ်ထွက်ကုန်တာ။ အလောင်းထွက်လာတာက လောလောဆယ် ၁၀ ယောက်ရှိပြီ။ အသေးစိတ် ပြောမရသေးဘူး။ မနေ့ကလည်း လာကြဲတာ။ ပြည်သူတွေကို” ဟု နောင်ချို ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အလားတူ ယမန်နေ့ ဇန်နဝါရီ ၂၁ ရက်နေ့ကလည်းတအာင်းတပ်မတော် (TNLA ) သိမ်းပိုက်ထားသည့် နောင်ချိုမြို့နယ်ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲချခဲ့ရာ စည်ပင်ရုံးနှင့် ထွေအုပ်ရုံးအနီးသို့ ဗုံးကျရောက်ပေါက်ကွဲပြီး ပြည်သူ တစ် ဦးသေဆုံးခဲ့ကြောင်း TNLA ကထုတ်ပြန်ထားသည်။
ပုံစာ- စစ်ကောင်စီ ဗုံးကြဲချခဲ့သည့် နောင်ချိုမြို့ပေါ်မှ လက်ဖက်ရည်ဆိုင်နှင့်အနီးဝန်းကျင်
#ရှမ်းမြောက် #နောင်ချို #စစ်ကောင်စီ #လေကြောင်း #ဗုံးကြဲတိုက်ခိုက် #အရအ်သားပြည်သူ #၁၀ဦးသေဆုံး #Ayeyarwaddy_Times