
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၂ ရက်
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့် စစ်ကောင်စီတို့ မန္တလေးတိုင်းအနီးဝန်းကျင်တွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း သိရသည်။
မန္တလေးတိုင်းနှင့် နောင်ချိုမြို့နယ်တို့တွင် ယမန်နေ့ ဇန်နဝါရီ ၂၁ ရက်နေ့မှစ၍ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး(MDY-PDF) က ထုတ်ပြန် ထားသည်။
စစ်ကောင်စီသည် မတ္တရာမြို့နယ်အတွင်းသို့ လက်နက်ကြီးများပစ်ခတ်ပြီး မြေပြင် စစ်ကြောင်း ထိုးလာသည့်အပြင် အင်အားဖြည့်တင်းမှုများပါ ပြုလုပ်လာခြင်းကြောင့် မတ္တရာမြို့နယ်အတွင်းရှိ ဖယောင်းတောင်၊ ထန်းပင်ကုန်း၊ မြို့ကုန်းကျေးရွာအနီးတစ်ဝိုက်တွင် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။
ထို့အပြင် နောင်ချိုမြို့နယ် သံဘိုရွာအနီးတွင်လည်းကောင်း၊ သပိတ်ကျင်းမြို့နယ် ၇ မိုင်ကျေးရွာတွင် လည်းကောင MDY-PDF နှင့် စစ်ကောင်စီ တို့ တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
စစ်ကောင်စီက နောင်ချိုမြို့နယ်ကို ယမန်နေ့ ဇန်နဝါရီ ၂၁ ရက်နေ့က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ထွေအုပ်ရုံးနှင့် စည်ပင်ရုံးအနီးကျရောက်ပေါက်ကွဲခဲ့ရာ လူထိခိုက်သေဆုံးမှုရှိခဲ့သည်။
ယနေ့ ဇန်နဝါရီ ၂၂ ရက်နေ့တွင်လည်း နောင်ချိုမြို့ကို ထပ်မံဗုံးကြဲခဲ့ရာ လက်ဖက်ရည်ဆိုင်ပေါ်သို့ ကျရောက်ပေါက်ကွဲသဖြင့် အရပ်သားပြည်သူ ၁၀ ဦး သေဆုံးခဲ့သည်။
ဓာတ်ပုံ-MDY-PDF
#မန္တလေး #PDF #မတ္တရာ #နောင်ချို #သပိတ်ကျင်း #စစ်ကောင်စီ #တိုက်ပွဲဖြစ်ပွား #Ayeyarwaddy_Times