ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၂ ရက်

ဧရာ၀တီတိုင်း၊ ချောင်းသာနှင့် ရွှေသောင်ယံမှ ဒေသခံများသည် ဇန်နဝါရီလ ၂၀ ရက်နေ့မှ စတင်ပြီး ပုသိမ်မြို့သို့ စစ်ဘေးရှောင်ရန် ရွှေ့ပြောင်းရောက်ရှိလာကြောင်း သိရသည်။

ရွှေ့ပြောင်းလာသူများသည် ပုသိမ်မြို့ပေါ်ရပ်ကွက်များတွင် အိမ်ငှါးခြင်း၊ ဆွေမျိုးများ၏ အိမ်များတွင်နေထိုင်ခြင်းနှင့် ရဘုန်းကြီးကျောင်းများတွင် ယာယီတည်းခိုခြင်းများ ပြုလုပ်နေကြောင်း သိရှိရသည်။

“ကြိုရှောင်တဲ့သဘောပဲ ၊ မကျီးဇင်နဲ့ ဘောမိတောင် ခဏလေးနဲ့ ကျသွားတာ။ ကမ်းခြေဘက်တွေကို တိုက်ပွဲကရောက်မလာနိုင်ဘူးလို့မပြောတတ်ဘူး။ ခုလိုစောစောထွက်လာတော့ မိသားစုနဲ့လည်းတကွဲတပြားမဖြစ်တော့ဘူးလေ”ဟု တိမ်းရှောင်လာသူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ချောင်းသာနှင့် ရွှေသောင်ယံမြို့များတွင် စစ်ကောင်စီမှ မြို့များမကျအောင်ကာကွယ်မည့်အတွက် ရှောင်တိမ်းစရာမလိုကြောင်း အုပ်ချုပ်ရေးမှုးများကို လိုက်လံအသိပေးခိုင်းနေကြောင်း ဒေသခံများမှပြောသည်။

“ကြောက်ကတာ စစ်တပ်ပဲ ၊ ဘောမိမှာဆိုသူတို့လဲ မနိုင်ပဲနဲ့ တပ်ဆုတ်တဲ့အခါ မဆိုင်တဲ့ကျေးရွာကို ပြာကျအောင် လက်နက်ကြီး၊ လေယာဥ်တွေနဲ့ ပစ်သွားတယ်။ ခုလည်း ကမ်းခြေမှာတိုက်ပွဲဖြစ်လာရင်လဲ ဒါမျိုးလုပ်မှာသေခြာတယ်”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ချောင်းသာကမ်းခြေတွင် ဇန်နဝါရီလ၂၁ ရက်နေ့ကစတင်ပြီး လာရောက်အပန်းဖြေသူ မရှိတော့ပဲ ဟိုတယ်အချို့ ပြောင်းရွှေ့ရန်ပြင်ဆင်နေကြောင်းသိရှိရသည်။ လက်ရှိ ပုသိမ်မြို့ဘက်သို့ တိမ်းရှောင်သူအချို့မှာ ငွေကြေးပြေလည်သူအများစုဖြစ်ပြီးဒေသခံအများစုမှ ကမ်းခြေတွင် နေထိုင်နေဆဲဖြစ်ကြောင်းသိရှိရသည်။

ဓာတ်ပုံ- ဇန်နဝါရီလ ၂၁ရက်နေ့ ချောင်းသာကမ်းခြေ မြင်ကွင်း
#ချောင်းသာ #ရွှေသောင်ယံ #ဒေသခံအချို့ #ပုသိမ်မြို့သို့ရွှေ့ပြောင်း #Ayeyarwaddy_Times