
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၁ ရက်
ဒီလအတွင်း ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တော်မှာ အတိုက်အခံ နိုင်ငံရေးသမားတစ်ဉီးကို သတ် ဖြတ်မှုမှာ ကမ္ဘောဒီးယားအစိုးရနဲ့ သူ့ရဲ့ဖခင် ဟွန်ဆမ်တို့ မပါဝင်ဘူးလို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန် မာနက်က ဇန်နဝါရီလ ၂၀ ရက်မှာ ငြင်းဆန်ခဲ့ပါတယ်။
ဖျက်သိမ်းလိုက်တဲ့ CNRP ပါတီမှ လွှတ်တော်အမတ်ဟောင်း လင်ကင်ယာဟာ ဇန်နဝါရီလ ၇ ရက်က ပြင်သစ်လူမျိုး ဇနီးသည်နဲ့အတူ ကမ္ဘောဒီးယားနိုင်ငံမှ ဗန်ကောက်မြို့သို့ ရောက်ရှိလာစဉ် ဆိုင် ကယ်သမားတစ်ဦးရဲ့ ပစ်သတ်တာခံခဲ့ရပါတယ်။
နောက်တစ်ရက်မှာ ထိုင်းနိုင်ငံသား Ekkalak Paenoi ကို ကမ္ဘောဒီးယားနိုင်ငံမှာ ဖမ်းဆီးခဲ့ပြီး ထိုင်းအာဏာပိုင်တွေထံ လွှဲပြောင်းပေးခဲ့ပါတယ်။
လင်ကင်ယာကို ပစ်သတ်ဖို့ ဟွန်ဆမ်က ညွှန်ကြားခဲ့တာလို့ ပြည်ပရောက် ကမ္ဘောဒီးယား အ တိုက်အခံခေါင်းဆောင် ဆမ်ရိန်ဆေးက စွပ်စွဲခဲ့ပါတယ်။
ဟွန်မာနက်က သတ်ဖြတ်မှုကို ရှုတ်ချခဲ့ပြီး သတ်ဖြတ်မှုမှာ ကမ္ဘောဒီးယားအစိုးရ သို့မဟုတ် သူ့ဖ ခင် ဟွန်ဆမ် မပါဝင်ခဲ့ဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။
“ကမ္ဘောဒီးယားအစိုးရက ဘာကြောင့် အဲလို မိုက်မဲတဲ့လုပ်ရပ် လုပ်ရမလဲ။ ကမ္ဘောဒီးယားအစိုးရ က သတ်ဖြတ်မှုကို စီစဉ်ခဲ့တာဆိုရင် ဘာကြောင့် သတ်ဖြတ်သူကို ဖမ်းဆီးပြီး စုံစမ်းစစ်ဆေးဖို့ ထိုင်းနိုင်ငံ ကို လွှဲပြောင်းပေးမှာလဲ? လို့ သူက ဆိုပါတယ်။
သတ်ဖြတ်မှုမှာ စီစဉ်ညွှန်ကြားသူလို့ ယူဆရတဲ့ ကမ္ဘောဒီးယားနိုင်ငံသားတစ်ဉီးကို ပိုက်စိပ်တိုက် ရှာနေတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြီးခဲ့တဲ့အပတ်အတွင်း ပြောကြားခဲ့ပါတယ်။
အသက် ၄၃ နှစ်အရွယ် ဆွမ်ဝမ်ဆိုသူ ကမ္ဘောဒီးယားနိုင်ငံသားဟာ လူသတ်မှုကျူးလွန်ရေး တစ် စုံတစ်ယောက်ကိုငှားရမ်းခြင်း၊ သေနတ်တစ်လက် တရားမဝင် ပိုင်ဆိုင်ကာ အသုံးပြုခြင်း အစရှိတဲ့စွဲ ချက်တွေ ရင်ဆိုင်နေရတယ်လို့ ရုပ်သံလွှင့်ဌာန ThaiPBS က ဖော်ပြခဲ့ပါတယ်။
ထိုင်းသေနတ်သမား လွတ်မြောက်ရေး ကူညီခဲ့တဲ့ ဒရိုင်ဘာတစ်ဉီးကို ထိုင်းရဲတပ်ဖွဲ့က ပြီးခဲ့တဲ့ အပတ်အတွင်း ဖမ်းဆီးခဲ့ပါတယ်။
လင်ကင်ယာအား သတ်ဖြတ်ဖို့ Ekkalak Paenoi ကို ဘတ် ၆၀၀၀၀ ပေးခဲ့ရတယ်လို့ ထိုင်း မီဒီယာအချို့က ဖော်ပြခဲ့ပေမယ့် မည်သည့်ငွေကြေးမှမရရှိခဲ့ဘဲ ကျေးဇူးဆပ်တဲ့အနေနဲ့ သတ်ဖြတ်ပေးခဲ့ တာလို့ ၎င်းက ပြောကြားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။
ကိုးကား – AFP
Ref; Cambodian PM denies government behind killing of ex-lawmaker in Bangkok
#Ayeyarwaddy_Times