
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၁ ရက်
နယ်စပ်ဖြတ်ကျော် ရွှေ့ပြောင်းသွားလာမှု ဖြေရှင်းဖို့နဲ့ နယ်စပ်တွေတစ်လျှောက် အထူးသဖြင့် ထိုင်း-မြန်မာနယ်စပ်မှာ တရားမဝင် မှောင်ခိုကူးမှုတွေ တိုက်ဖျက်နိုင်ရေး ဘက်စုံပါဝင်တဲ့ အစီအမံတွေ ဖော်ဆောင်မှု အရှိန်မြှင့်ဖို့ ထိုင်းနိုင်ငံက သံန္နိဌာန်ချထားတယ်လို့ ဒုတိယဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန် ကြီး ဖန်သွန်ဝီချာယာချိုင်းက ပြောပါတယ်။
ဝန်ကြီးချုပ် ပေထောင်တန်ရှင်နာဝပ်ထရာရဲ့ ဉီးဆောင်မှုအရ ထိုင်းအစိုးရဟာ နယ်စပ်ဖြတ် ကျော် ရွှေ့ပြောင်းသွားလာမှု ဖြေရှင်းဖို့နဲ့ တရားမဝင် မှောင်ခိုကူးမှုတွေ ထိထိရောက်ရောက် တိုက်ဖျက် နိုင်ရေး ဘက်စုံပါဝင်တဲ့ အစီအမံတွေ ဖော်ဆောင်မှုကို ဉီးစားပေးခဲ့တယ်လို့ သူက ဆိုပါတယ်။
အစီအမံတွေထဲမှာ ရွှေ့ပြောင်းသွားလာရေး ထိန်းချုပ်မှု တင်းကြပ်ခြင်း၊ လူကုန်ကူးမှု တားဆီး ကာကွယ်ခြင်း၊ အခြေချဝင်ရောက်သူတွေရဲ့ လမ်းကြောင်းတွေကို စောင့်ကြည့်ခြင်းနဲ့ နယ်စပ်ဒေသတွေရှိ တရားမဝင် ဆက်သွယ်ရေးကွန်ရက်တွေကို ဖြိုခွဲခြင်းတို့ ပါဝင်တယ်လို့ ၎င်းက ထုတ်ပြန်ချက်တစ်ခုအ တွင်း ပြောပါတယ်။
ရွှေ့ပြောင်းသွားလာမှု၊ နယ်စပ်နဲ့ဆက်စပ်တဲ့ကိစ္စရပ်တွေ ဖြစ်ပွားရတဲ့အကြောင်းရင်းကို စနစ်တ ကျ ဖြေရှင်းမယ့် ထိုင်းအစိုးရရဲ့ ကတိကဝတ်ကို ဖန်သွန်ဝီချာယာချိုင်းက ထပ်လောင်းအတည်ပြုခဲ့ပြီး ရွှေ့ပြောင်းလုပ်သားတွေနဲ့ ဒေသခံတွေအတွက် တည်ငြိမ်သော ပတ်ဝန်းကျင်တစ်ခုဖန်တီးဖို့ ရည်ရွယ် တယ်လို့ ဆိုပါတယ်။
“ဒီလိုကြိုးပမ်းမှုတွေက အပျက်သဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေ လျှော့ချစေယုံသာ မက လူသားချင်းစာနာမှု အကူအညီနဲ့ နယ်စပ်လုံခြုံရေးမှာ ဒေသတွင်း ဉီးဆောင်သူဆိုတဲ့ ထိုင်းနိုင်ငံရဲ့ အခန်းကဏ္ဍကိုလည်း ခိုင်မာစေပါတယ်” လို့ သူက ဆိုပါတယ်။
ထိုင်း-မြန်မာနယ်စပ် အထူးသဖြင့် မဲဆောက်ခရိုင်၊ တက်ခ်ပြည်နယ်နဲ့ မြဝတီမှာ ရွှေ့ပြောင်းလုပ် သားတွေ စိန်ခေါ်မှုတွေ ရင်ဆိုင်နေရတယ်လို့ ၎င်းက ထောက်ပြခဲ့ပြီး အဆိုပါဧရိယာတွေဟာ လူသား ချင်းစာနာမှု၊ လုံခြုံရေးစိန်ခေါ်မှုနဲ့ စီးပွားရေး အကျိုးစီးပွားတွေ အပါအဝင် ရှုပ်ထွေးတဲ့ကိစ္စရပ်တွေ ရင် ဆိုင်နေရပါတယ်။
ကိုးကား – Bernama
Ref; Thailand steps up border security and migration measures with aims of combating illicit activities
#Ayeyarwaddy_Times