ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၁ ရက်

နိုင်ငံတကာ လုံခြုံရေးအတွက် ဂရင်းလန်ကျွန်းက မရှိမဖြစ် လိုအပ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။

“ဂရင်းလန်ကျွန်းဟာ အံ့အားသင့်ဖွယ်ရာ နေရာတစ်ခုပါ။ ကျွန်တော်တို့ နိုင်ငံတကာလုံခြုံရေးအ တွက် ဂရင်းလန်ကျွန်းကို လိုအပ်ပါတယ်” လို့ ဘဲဥပုံခန်းမသို့ ပြန်လည်ရောက်ရှိပြီးနောက် အမှုဆောင် အမိန့်တွေကို လက်မှတ်ရေးထိုးနေစဉ် ဒေါ်နယ်ထရမ့်က သတင်းထောက်တွေကို ပြောပါတယ်။

ဒေါ်နယ်ထရမ့်က သမ္မတအဖြစ် ဒုတိယသက်တမ်း ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး အမေရိကန်လူ့အ သိုင်းအဝိုင်းနဲ့ ကမ္ဘာတစ်ဝှမ်း မမျှော်လင့်တဲ့ဖြစ်စဉ်တွေနဲ့ပတ်သက်လို့ အမေရိကန်အစိုးရရဲ့ မူဝါဒတွေ အ ပြောင်းအလဲရှိမယ်လို့ ဆိုပါတယ်။

“ဂရင်းလန်ကျွန်းက အမေရိကန်နိုင်ငံအတွက် မဟုတ်ဘဲ နိုင်ငံတကာ လုံခြုံရေးအတွက် မရှိမဖြစ် လိုအပ်ပါတယ်” လို့ သူက ဆိုပါတယ်။

ဒိန်းမတ်နိုင်ငံရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုဖြစ်တဲ့ ဂရင်းလန်ကျွန်းကို အမေရိကန်နိုင်ငံက ဝယ်ယူလိုခဲ့တယ်လို့ ၎င်းက ပြောကြားခဲ့ပါတယ်။

ပနားမားတူးမြောင်းနဲ့ ဂရင်းလန်ကျွန်းကို ထိန်းချုပ်နိုင်ဖို့ စစ်အင်အားအသုံးပြုဖွယ်ရှိတယ်ဆို့တဲ့ ပြောကြားချက်ကို သူက ယခင် ငြင်းဆန်ခဲ့ပါတယ်။

ကမ္ဘာ့အကြီးမားဆုံးကျွန်းဖြစ်တဲ့ ဂရင်းလန်ဟာ ၁၉၇၉ ခုနှစ်နောက်ပိုင်း ဒိန်းမတ်နိုင်ငံရဲ့ ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခု ဖြစ်လာခဲ့ပါတယ်။

အာတိတ်နဲ့ အတ္တလန္တိတ်သမုဒ္ဒရာတွေကြားမှာတည်ရှိတဲ့ ဂရင်းလန်ကျွန်းမှာ အမေရိကန်စစ်စခန်းတစ်ခုရှိပြီး မဟာဗျူဟာမြောက် အရေးပါကာ မြောက်အမေရိကမှ ဥရောပတိုက်သို့ အတိုတောင်းဆုံး လမ်းကြောင်း ဖြစ်ပါတယ်။

ကိုးကား – Anadolu
Ref; US needs Greenland for international security: Trump

#Ayeyarwaddy_Times