ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၁ ရက်

ပြည်ပနိုင်ငံများတွင် နိုင်ငံခြားအတွေ့အကြုံယူကာ ကျောင်းတက်ချင်သော အမျိုးသမီးများအတွက် ၂၀၂၅ – ၂၀၂၆ ပညာသင်နှစ်တွင် နိုင်ငံတကာကပေးအပ်သော ပညာသင်ဆုသုံးမျိုးရှိပြီး စတင် လျှောက်ထားနိုင်ကြောင်းသိရသည်။

ပညာသင်ဆုများတွင် ASEAN UK SAGE Women in STEM ၊ ဗြိတိသျှကောင်စီကပေးသော British Council Women in STEM Scholarship Program မာစတာတစ်နှစ်သင်တန်း နှင့် Daughters Rising ပညာသင်ဆု ( ဘွဲ့ကြို) တို့ပါဝင်သည်။

ထိုသို့ လျှောက်ထားရာတွင် STEM (Science, Technology, Engineering & Mathematics) နှင့်ပတ်သက်သော ဘာသာရပ်များဖြစ်သည့် Humanitarian Engineering ၊ Digital Transformation for Healthcare၊ Applied Artificial Intelligence နည်းပညာဆိုင်ရာဘာသာရပ်များအပြင် Mental Health and Wellbeing ၊Behavioural and Data Science ၊Behavioural and Economic Science အပါအဝင် ဘာသာရပ်ပေါင်း ၄၀ ကျော်ကို ရွေးချယ်လျှောက်ထားနိုင်ကြောင်းသိရသည်။

အဆိုပါ ပညာင်ဆုများကို လျှောက်ထားရာတွင် နိုင်ငံတကာအတွေ့အကြုံမရှိသူ ပြည်တွင်းတွင် နေထိုင်သူများအတွက် အခွင့်အရေးပိုများကြောင်း သိရသည်။

Daughters Rising ပညာသင်ဆုတွင် အပြည့်အဝထောက်ပံ့ခြင်းနှင့် တစ်စိတ်တစ်ပိုင်း ထောက်ပံ့ခြင်းပါရှိပြီး ရွေးချယ်ခြင်းခံရပါက Thailand/ Bangladesh/ Southeast Asia နိုင်ငံများရှိ တက္ကသိုလ်များတွင် တက်ရောက်သင်ကြားနိုင်ကြာင်း သိရသည်။

အဆိုပါဘွဲ့ကြိုတန်း Daughters Rising သည် တိုင်းရင်းနယ်မြေများရှိ ငွေကြေးအခက်အခဲရှိသူ၊ ရွှေ့ပြောင်းနေထိုင်နေရသူ၊ အခွင့်အလမ်းနည်းပါးသည့်ဒေသတွင်နေထိုင်သူ သို့မဟုတ် ဒုက္ခသည် စခန်းများတွင် ကြီးပြင်းနေထိုင်‌ရသော လူငယ်အမျိုး သမီးများကို ဦးစားပေးရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – လူမှူကွန်ရက်
#အမျိုးသမီးအခွင့်အရေး #ပညာသင်ဆုလျှောက်ထားနိုင် #Ayeyarwaddy_Times
(မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းမှုကြောင့် လက်ရှိအမျိုးသမီးများ ရင်ဆိုင်နေရသည့် အခက်အခဲ၊ စိန်ခေါ်မှုနှင့် ကျော်ဖြတ်ခဲ့ရသည့် အခြေအနေများအပြင် အမျိုးသမီးများဦးဆောင်၍ လုပ်ဆောင် နေသည့် အကြောင်းအရာများကို “အမျိုးသမီးကဏ္ဍ” အနေဖြင့် အပတ်စဉ် အင်္ဂါနေတိုင်း တင်ဆက် ပေးနိုင်ရန် ကြိုးစားသွားမည်ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်း ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အသိပေးအပ်ပါသည်။)