ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၀ ရက်

မြန်မာစစ်ကောင်စီတပ် နှင့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA) တို့ ပြီးခဲ့သည့် ဇန်နဝါရီ ၁၈ ရက်နေ့က အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်ကို တရားဝင် လက်မှတ်ရေး ထိုးသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်၊း ကူမင်းမြို့တွင် စစ်ကောင်စီတပ်နှင့်MNDAA တို့ နှစ်ဖက် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ငြိမ်းချမ်းရေး မြှင့်တင်ရေး ကြိုးပမ်းမှုအတွက် ၎င်းတို့က ပေကျင်းကို ကျေးဇူးတင်ခဲ့ကြောင်း ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ Mao Ning က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်း သိရသည်။

“မြန်မာနိုင်ငံမြောက်ပိုင်းက အခြေအနေကို တည်ငြိမ်‌စေတာက မြန်မာနဲ့ ဒေသတွင်း နိုင်ငံအားလုံးရဲ့ စိတ်၀င်စားမှုဖြစ်ပြီး တရုတ်-မြန်မာကြားက နယ်စပ်ဒေသတွေရဲ့ လုံခြုံရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးကိုလည်း အထောက်အကူဖြစ်စေပါတယ်” ဟု Mao Naing ကဆက်လက် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ငြိမ်းချမ်းရေးနှင့် ဆွေးနွေးပွဲများကို အားပေးကာ မြန်မာနိုင်ငံ မြောက်ပိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ပံ့ပိုးကူညီမှုများ ဆက်လက် ပေးမည်ဖြစ်ကြောင်းလည်း သိရသည်။

MNDAA သည် ၎င်းတို့၏ နယ်မြေအဖြစ် သတ်မှတ်ထားသည့် ဒေသများတွင် စစ်ကောင်စီတပ်ကို ချေမှုန်းတိုက်ပွဲဝင်နေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များထဲမှ တစ်ခုဖြစ်သည်။

ကိုးကား – Reuters
Refs ; Myanmar military, minority armed group agree ceasefire, China says

#Ayeyarwaddy_Times