ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၀ ရက်

မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အတွင်းရေးမှူးချုပ်ဟောင်း အော့်သမန်ဟာရှင်းဟာ အာ ဆီယံဥက္ကဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဖြစ်လာခဲ့ပါတယ်။

မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟတ်ဆန်က အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများရဲ့ တံခါးပိတ် သီးသန့်အစည်းအဝေးမှာ အော့်သမန်ဟာရှင်းကို အာဆီယံဉက္ကဌရဲ့ အထူးကိုယ်စားလှယ်အ ဖြစ် ခန့်အပ်ကြောင်း ကြေညာခဲ့ပါတယ်။

“အော့်သမန်ဟာရှင်းကို အာဆီယံဉက္ကဌရဲ့ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ကြောင်း ကျွန် တော် တရားဝင် အကြောင်းကြားလိုပါတယ်” လို့ သူက ဆိုပါတယ်။

မလေးရှား လူ့အခွင့်အရေးကော်မရှင်ရဲ့ ဉက္ကဌဟောင်း အော့်သမန်ဟာရှင်းဟာ ၂၀၂၁ ခုနှစ် အာ ဏာသိမ်းမှုနောက်ပိုင်း ပဉ္စမမြောက် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံဉက္ကဌရဲ့ အထူးကိုယ်စားလှယ် ဖြစ်လာ ခဲ့ပါတယ်။

အော့်သမန်ဟာရှင်းဟာ ရိုမေးနီးယား၊ ဆွစ်ဇာလန်၊ တရုတ်နဲ့ ချက်သမ္မတနိုင်ငံဆိုင်ရာ မလေး ရှား သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ကုလသမဂ္ဂနဲ့ အမေရိကန်နိုင်ငံဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့ပါတယ်။

အော့်သမန်ဟာရှင်းဟာ ၂၀၀၉ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ်ကြား ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မ ဟာမင်းကြီးရုံးရဲ့ ပုံမှန်အစည်းအဝေးတွေမှာ မလေးရှား ကိုယ်စားလှယ်အဖွဲ့ကို ဉီးဆောင်ခဲ့ပါတယ်။

အော့်သမန်ဟာရှင်းဟာ ၂၀၁၃ ခုနှစ် စက်တင်ဘာလမှာ မလေးရှားနိုင်ငံသို့ ပြန်သွားခဲ့ပြီး မလေး ရှား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အမြင့်ဆုံးရာထူးဖြစ်တဲ့ အတွင်းရေးမှူးချုပ်အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။

ကိုးကား – Bernama
Ref; Malaysia names former diplomat Othman Hashim as Asean Chair’s special envoy on Myanmar

#Ayeyarwaddy_Times