ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၉ရက်

ရခိုင်ပြည်နယ် တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များ ကိုထားရှိသည့် မြောက်ဦးမြို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများကြောင်း သိရသည်။

စစ်ကောင်စီသည် ယမန်နေ့ ဇန်နဝါရီ ၁၈ရက် ည ၉ နာရီခန့်က မြောက်ဦးမြို့နယ်၊ ရမ်းချောင်းဒေသရှိ စစ်သုံ့ပန်းများ၏ မိသားစုဝင်များကို ထားရှိသည့် နေရာကို ဗုံးကြဲတိုက်ခိုက်ရာ ၃၇ ဦးသေဆုံးပြီး အမြောက်အမြားဒဏ်ရာရရှိကြောင်း သိရသည်။

“ကလေးနဲ့ အမျိုးသမီးတွေအများဆုံး သေကုန်တယ်။ တိုက်လေယာဉ် သုံးစင်းနဲ့ လာကြဲချတာပါ” ဟု ရခိုင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဗုံးကြဲခံရသော နေရာသည် တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၏ မိသားစုဝင်များကို ထားရှိသည့် နေရာဖြစ်၍ ကလေးငယ်များပါ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၈ရက်နေ့ကလည်း ပေါက်တောရှင်ရွာရှိ စစ်သုံ့ပန်းများထားရှိရာ ဆေးကုသ ဆောင်နှင့် မောင်တော နခခ-၂ ၊ လေးမိုင်ရှိ စစ်ကောင်စီအကျဉ်းသားများ ထားရှိရာနေရာတို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ခန့် သေဆုံးခဲ့သည်။

စစ်ကောင်စီသည် ယခုရက်ပိုင်းတွင် ရခိုင်ပြည်နယ်အတွင်း AA သိမ်းပိုက်ထားသည့် နယ်မြေများ ဖြစ်သည့် ကျောက်တော်နှင့် ရမ်းဗြဲမြို့နယ်များကိုအကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ သည်။

ဓာတ်ပုံ-အင်တာနက်(ပုံဟောင်း)

#မြောက်ဦး #စစ်ကောင်စီ #သုံ့ပန်း #မိသားစုဝင် #ဗုံးကြဲခံရ #သေဆုံး #Ayeyarwaddy_Times