
ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၉ ရက်
တရုတ်နိုင်ငံက မဟာအင်အားကြီးတိုင်းပြည်တစ်ခုအဖြစ် လိမ်လည်လှည့်ဖျားခဲ့တယ်လို့ အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ရဲ့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် အဆိုပြုခံထားရသူ အထက်လွှတ်တော်အမတ် မာကိုရူဘီယိုက ပြောကြားခဲ့ပါတယ်။
အမေရိကန်နိုင်ငံက တရုတ်ရဲ့ ထိုင်ဝမ်ကျူးကျော်မှု ဟန့်တားဖို့ ပံ့ပိုးကူညီမှု အရှိန်မြှင့်မယ်လို့ သူ က ကတိပြုလိုက်ပါတယ်။
တရုတ်နိုင်ငံဟာ အမေရိကန်နိုင်ငံ ရင်ဆိုင်ခဲ့ဖူးတဲ့ အကြီးမားဆုံး အန္တရာယ်ရှိသော ရန်သူဖြစ်ပြီး အမေရိကန်နိုင်ငံက အရေးမယူရင် အကျိုးသက်ရောက်မှုတွေ ရှိလာမယ်လို့ ၎င်းက ကြားနာပွဲမှာ အထက်လွှတ်တော်အမတ်တွေကို ပြောပါတယ်။
စစ်ရေးအရ ဝင်ရောက်စွက်ဖက်မှုကို ဟန့်တားဖို့ ထိုင်ဝမ်ကာကွယ်ရေးကို အရှိန်မြှင့်လုပ်ဆောင်ဖို့ သူက ကတိပြုခဲ့ပါတယ်။
မာကိုရူဘီယိုက နေတိုးအဖွဲ့မှနှုတ်ထွက်ဖို့ ပြောဆိုခဲ့ခြင်းမရှိပေမယ့် ဉရောပတိုင်းပြည်တွေကို ကာကွယ်ဖို့ နေတိုးအဖွဲ့က ပိုပြီး တာဝန်ယူသင့်တယ်လို့ ဆိုပါတယ်။
“ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရမှာဖြစ်ပြီး ဒါဟာ အမေရိကန်နိုင်ငံရဲ့ တရားဝင် မူဝါဒဖြစ်သင့်ပါ တယ်” လို့ ၎င်းက ဆက်ပြောပါတယ်။
မာကိုရူဘီယိုက ဂါဇာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ထောက်ခံခဲ့ပေမယ့် အစ္စရေး နိုင်ငံကို ထောက်ခံမယ်လို့ သူက ဆိုပါတယ်။
“ကမ္ဘာပေါ်မှာ ဘယ်တိုင်းပြည်က ဟားမာစ်အဖွဲ့ဝင်တွေလို လူရိုင်းတွေနဲ့ အတူယှဉ်တွဲနေထိုင်နိုင် မလဲ” လို့ သူက ဆက်ပြောပါတယ်။
ကိုးကား – Taipei Times
Ref; Marco Rubio says China is ‘biggest threat’ to US
#Ayeyarwaddy_Times