ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၉ ရက်

စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) လုပ်ငန်းများကိုအားပေးရမည်ဟု ပြောကြားပြီးနောက် စစ်ကောင်စီဝန်ကြီးဒေါက်တာချာလီသန်းသည် မန္တလေးတိုင်းရှိ UK ကြက်သွန်ကြော်လုပ်ငန်းကို သွားရောက်လေ့လာခဲ့ကြောင်း ယနေ့ ဇန်နဝါရီ ၁၉ ရက်နေ့ထုတ် စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာတွင်ဖော်ပြထားသည်။

စစ်ခေါင်းဆောင်သည် ဇန်နဝါရီ ၁၇ ရက်နေ့က နေပြည်တော်တွင်ပြုလုပ်သည့် စစ်ကောင်စီအစည်း အဝေးတွင် တိုင်းပြည်စီးပွားရေးကောင်းမွန်စေရန်အတွက် MSME လုပ်ငန်းများ အားပေးရမည်ဟု ပြောကြားခဲ့ပြီးနောက် စစ်ကောင်စီ စက်မှုဝန်ကြီးဒေါက်တာချာလီသန်းက မန္တလေးတိုင်းရှိ UK ကြက်သွန်ကြော်လုပ်ငန်းကို ဇန်နဝါရီ ၁၈ ရက်နေ့တွင် သွားရောက် လေ့လာခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ စက်မှုဝန်ကြီးဒေါက်တာချာလီသန်းက ကုန်ကြမ်းသေချာမှုရှိသည့် စိုက်ပျိုးရေး ထွက်ကုန်များကို အသုံးပြုပြီး တန်ဖိုးမြှင့်ထုတ်ကုန် ကုန်ချောများဖြစ်ဆောင်ရွက်ရန်နှင့် UK ကြက်သွန်ကြော် လုပ်ငန်းသည် စိုက်ပျိုုးရေးထွက်ကုန်များကို အခြေခံသည့်ကုန်ထုပ်လုပ်မှုလုပ်ငန်း ဖြစ်၍ အောင်မြင်ရန်လိုအပ်ကြောင်း အဆိုပါကြက်သွန်ကြော်လုပ်ငန်းကို သွားရောက်လေ့လာစဉ် ပြောကြားခဲ့သည်။

လက်ရှိတွင် စစ်ကောင်စီသည် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ ကျပ် ၁၅၀ ဘီလီယံကို ထူထောင်၍ စစ်ကောင်စီ၏ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနတို့မှ ထုတ်ချေး ပေးရန်စီစဉ်ထားပြီး ယခင်နှစ် ၂၀၂၄ ခုနှစ်တွင် လုပ်ငန်းရှင် ၆၁၆ ဦးကို ချေးငွေကျပ် ၃၆၈ ဒသမ ၃၆၉ ဘီလီယံထုတ်ချေးထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနထံက သိရသည်။

ဓာတ်ပုံ – MOI
ပုံစာ- စစ်ကောင်စီဝန်ကြီး ဒေါက်တာချာလီသန်း UK ကြက်သွန်ကြော်လုပ်ငန်းအား သွားရောက်လေ့လာနေသည်ကို တွေ့ရစဉ်

#MSME #ဖွံ့ဖြိုးရေး #စက်မှုဝန်ကြီး #ဒေါက်တာချာလီသန်း #UKကြက်သွန်ကြော် #Ayeyarwaddy_Times