ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၈ ရက်

မြန်မာစစ်ကောင်စီဟာ ၂၀၂၄ ခုနှစ်အတွင်း တော်လှန်ရေးတပ်ဖွဲ့တွေထံ ဆုံးရှုံးခဲ့တဲ့နယ်မြေတွေ ကို မြေလှန်ဖျက်ဆီးမှုဗျူဟာ အရှိန်မြှင့်ခဲ့တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က ၂၀၂၅ ခုနှစ် အစီရင်ခံစာမှာ ဖော်ပြပါတယ်။

မြန်မာစစ်တပ်ဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သော ရာဇဝတ်မှုမြောက် တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ သတ်ဖြတ်မှုတွေ၊ မုဒိမ်းမှု၊ နှိပ်စက်မှုနဲ့ မီးရှို့မှုတွေ အပါအဝင် အရပ် သားနဲ့ အရပ်ဘက် အခြေခံအဆောက်အအုံတွေကို တရားမဝင် တိုက်ခိုက်မှုတွေ ကျူးလွန်ခဲ့တယ်လို့ HRW ရဲ့ အစီရင်ခံစာက ဆိုပါတယ်။

“လက်နက်ကိုင် စစ်ကောင်စီဆန့်ကျင်ရေးအဖွဲ့တွေ၊ တိုင်းရင်းသားလူနည်းစုတပ်ဖွဲ့တွေရဲ့ ခုခံ တွန်းလှန်မှု အရှိန်မြှင့်လာမှုကြောင့် မြန်မာစစ်တပ်ဟာ အရပ်သားနဲ့ အရပ်ဘက် အခြေခံအဆောက်အ အုံတွေကို ကြောက်မတ်ဖွယ်ရာ ရာဇဝတ်မှုတွေ ပိုမို ကျူးလွန်ခဲ့တယ်” လို့ HRW ရဲ့ အာရှဆိုင်ရာ ဒုတိယ ညွှန်ကြားရေးမှူး Bryony Lau က ပြောပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာနိုင်ငံအပေါ် လက်နက်တင်ပို့မှုပိတ်ပင်တဲ့ ဆုံးဖြတ်ချက် တစ်ရပ် အတည်ပြုသင့်ကာ စစ်ကောင်စီခေါင်းဆောင်ပိုင်းနဲ့ ကုမ္ပဏီတွေအပေါ် ပစ်မှတ်ထား ဒဏ်ခတ် ပိတ်ဆို့မှုတွေ ပြုလုပ်သင့်ပြီး မြန်မာ့အရေးကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) သို့ လွှဲပြောင်း ပေးသင့်တယ်လို့ HRW က ဆိုပါတယ်။

အလှူရှင်တွေက အရပ်ဘက်အဖွဲ့အစည်းတွေ၊ နယ်စပ်ဖြတ်ကျော်ကြိုးပမ်းမှုမှတစ်ဆင့် အကူအ ညီတွေကို လိုအပ်သူတွေထံ ပေးအပ်သင့်ပြီး အမှီအခိုကင်းသော အဖွဲ့အစည်းတွေကို ပံ့ပိုးကူညီပြီး ရန်ပုံ ငွေတွေကို အဆိုပါအဖွဲ့တွေထံ မြန်မာနိုင်ငံရဲ့ ဘဏ်စနစ်မှမဟုတ်ပဲ လွှဲပြောင်းပေးသင့်တယ်လို့ HRW က ပြောပါတယ်။

၃၅ ကြိမ်မြောက် စာမျက်နှာ ၅၄၆ ခုပါ အစီရင်ခံစာမှာ HRW က ကမ္ဘာ့နိုင်ငံ ၁၀၀ ကျော်က လူ့ အခွင့်အရေး အခြေအနေတွေကို သုံးသပ်ထားပါတယ်။

ကိုးကား – HRW
Ref; Myanmar: ‘Scorched Earth’ Tactics Intensify, HRW Says

#Ayeyarwaddy_Times