ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၈ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ တောင်ပိုင်းစစ်ဒသနယ်မြေတွင် ပြီးခဲ့သည့် ဇန်နဝါရီ ၁၁ ရက်မှ ၁၇ ရက်တာ ကာလအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၈ ဦးသေဆုံးခဲ့ပြီး ၄၅ ဦးနှင့်အထက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယခုလ ဇန်နဝါရီ တတိယပတ်အတွင်းတွင်လည်း ကော့ကရိတ်-အာရှလမ်းမကြီးပေါ်ရှိ စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းမှ စခန်းချထားသည့် ယာယီတပ်စခန်းငယ် တစ်ခုကိုလည်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက စခန်းသိမ်းပိုက်နိုင်ခဲ့ ကြောင်း တောင်ပိုင်း စစ်ဒေသထံက သိရသည်။

တိုက်ပွဲများအတွင်း လက်နက်ငယ် ၁၁ လက်၊ လက်နက်ကြီး တစ်လက်၊ မိုင်း၊ ခဲယမ်းမျိုးစုံနှင့် အခြားစစ်ဘက်သုံး ဆက်စပ်ပစ္စည်းအချို့ကိုလည်းသိမ်းဆည်းရမိခဲ့ ကြောင်း သိရသည်။

တိုက်ပွဲများကို တောင်ပိုင်းစစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ KNU-KNLA နှင့် အခြားတော်လှန်ရေးပူးပေါင်းအဖွဲ့ မှ တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ထို့ပြင် မြေပြင်တိုက်ပွဲများတွင် အထိနာနေသည့် စစ်ကောင်စီတပ်မှာ လေကြောင်းတိုက်ခိုက်မှုများကို ပိုမိုပြုလုပ်လာပြီး တိုက်ပွဲနှင့်မဆိုင်သည့် အရပ်သားများ အပေါ်ကိုပါ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုများ ကိုလည်း ပြုလုပ်ခဲ့ကြောင်း တောင်ပိုင်းစစ်ဒသက ထုတ်ပြန်ထားသည်။

ပုံစာ – အာရှလမ်းမတိုက်ပွဲတွင် သိမ်းဆည်းရမိခဲ့သည့် လက်နက်ခဲယမ်းများ

#တောင်ပိုင်းစစ်ဒေသ #PDF #တိုက်ပွဲ #စစ်ကောင်စီ #အောင်ဇေယျစစ်ကြောင်း #Ayeyarwaddy_Times