
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၈ ရက်
ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်တွင် စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများက ပြည်သူ့စစ်မှုထမ်အကြောင်းပြ၍ ဒေသခံများကို ခြိမ်းခြောက်၍ ငွေတောင်းနေကြောင်း သတင်းရရှိသည်။
ကျုံပျော်မြို့နယ်၊ တောကြီးအုပ်စု ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးသန်းငွေနှင့် ရာအိမ်မှူး ဦးအောင်ကျော်သန်း၊ ဆိပ်ကြီးရွာ ကွမ်းခြံကုန်းရပ်ကွက် ရာအိမ်မှူးဖြစ်သူ ဥဦးငမျိုးတို့ပူးပေါင်းကာ ပြည်သူ့စစ်မှုထမ်းအကြောင်းပြ ငွေတောင်းယူခြင်ဖြစ်ဟု ဒေသခံများကပြောသည်။
“ငွေမထည့်နိုင်သူတွေကို ဖမ်းဆီးမယ်လို့လည်း ခြိမ်းခြောက်တယ်။ ငွေမထည့်နိုင်တဲ့ လူအချို့ကိုလည်း ရိုက်နှက် စော်ကားတာတွေလဲ လုပ်ကြတယ်။ တစ်ချို့တော့လဲ ပေါင်နှံရောင်းချပေးနေရတယ်”ဟု ကျုံပျော်မြို့ ဒေသခံတစ်ဦးက ဧရာဝတီတ်ိုင်းမ်ကိုပြောသည်။
တောကြီးအုပ်စုရှိ အိမ်ထောင်တစ်စုအတွက် တစ်လလျှင် ၂၀၀၀၀ ကျပ် တောင်းယူသည့်အပြင် ရာအိမ်မှူးများအတွက် ဆိုင်ကယ်ဓာတ်ဆီဖိုး ၃၀၀၀ ကျပ်ကိုပါ လစဥ်ပေးဆောင်နေရပြီး ငွေကြေးမပေးနိုင်သည့် ဒေသခံများကို စစ်ကောင်စီတပ်ခေါ်ယူ၍ ဖမ်းဆီးမည်ဟု၍ ခြိမ်းခြောက်နေကြောင်း သိရသည်။
ထို့ပြင် ဆိပ်ကြီကျေးရွာ ကွမ်းခြံကုန်းရပ်ကွက် ရာအိမ်မှူး ဦးငမျိုးမှာ ပြည်သူ့စစ်မှုထမ်းအတွက် ငွေကြေးမထည့်နိုင်သည့် ဒေသခံအချို့ကိုလည်း ကိုယ်ထိလက်ရောက်ကျူးလွန်၍ ထိုးကြိတ်မှုများလည်း ပြုလုပ်ခဲ့ကြောင်း ဒေသခံများကပြောသည်။
ဧရာဝတီတိုင်းတွင် မြို့နယ် ၂၆ မြို့နယ်ရှိပြီး စစ်ကောင်စီခန့် ရပ်ကွက်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး အများစုမှာ ၂၀၂၄ ခုနှစ် အောက်တိုဘာလက စတင်ပြီး ပြည်သူ့စစ်မှုထမ်းအကြောင်းပြ ခြိမ်းခြောက်၍ ငွေကြေးတောင်းယူမှုများကို ယခင်ကထက် ပိုမိုလုပ်ဆောင်လာကြကြောင်း ဒေသခံများထံကသိရသည်။
#ကျုံပျော် #ပြည်သူ့စစ်မှုထမ်းအကြောင်းပြ #အုပ်ချုပ်ရေးမှူး #ရာအိမ်မှူးများ #ငွေတောင်း #ငွေမပေးနိုင်လျှင်ဖမ်းဆီးမည် #ခြိမ်းခြောက် #Ayeyarwaddy_Times