လက်လုပ်ကျည်စမ်းသပ်ပစ်ခတ်စဥ် TRIPLE-R တပ်ဖွဲ့ဝင်တဦး ကျည်ခွံ မျက်စိထိမှန်၍ ဆေးကုသရန်အခက်အခဲဖြစ်နေ

ကိုကိုလေး/ဧရာဝတီတိုင်းမ်

သြဂုတ်လ ၂၁ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်အခြေစိုက် TRIPLE-R တပ်ဖွဲ့ဝင်တဦး သြဂုတ်လ ၁၉ ရက်ညနေပိုင်းက လက်လုပ်ကျည်စမ်းသပ်ပစ်ခတ်ရင်း ကျည်ခွံ မျက်စိထိမှန်ဒဏ်ရာရ၍ ဆေးကုသရန်အခက်အခဲဖြစ်နေကြောင်း TRIPLE-R တပ်ဖွဲ့ဝင်တဦးထံကသိရသည်။

“ညနေပိုင်း ကျည်သုံးလုံးစမ်းသပ်ပစ်ခတ်ရင်းနဲ့ ဖြစ်တာပါ နှစ်လုံးက ပစ်လို့အစဥ်ပြေပီး ကျန်တဲ့ ကျည်တစ်လုံးကပစ်မရတော့ သေနတ်ထဲကထုတ်ပြီး နှာယမ်းကို ဒုတ်နဲ့ကလော်လိုက်တဲ့အချိန်မှာ အဲဒီကျည်ဆံက ကွဲပီး ကျည်ခွံ မျက်လုံးကိုမှန်တာ

ဘယ်ဘက်မျက်လုံးကို ထိသွားတာ ဆေးကုပေးတဲ့ဆရာပြောတာ​တော့ ဆက်မကုရင် မျက်လုံးတစ်ဖက်ဆုံးရှုံးနိုင်တယ်လို့ပြောတယ်။ကျွန်တော်တို့ သူ့​ကို ဆေးကုပေးဖို့ လဲ ငွေကြေမပြည်စုံဘူးဖြစ်နေတယ်” ဟု TRIPLE-R တပ်ဖွဲ့ဝင်တဦးက ဧရာဝတီတ်ိုင်းမ်ကို ပြောသည်။

ထို့ပြင် လက်လုပ်ကျည် စမ်းသပ်ရင် မျက်လုံးထိမှန်ခဲ့သည့် ရဲဘော်တဦးမှာ နေရာတင် မျက်ခွံကို ၅ ချက်ချုပ်လိုက်ရပြီး လက်ရှိမှာငွေ ၁၀ သိန်းကျပ် အတိုးနဲ့ချေးပြီး ဆေးဝါးကုသပေး‌နေရကြောင်း ၎င်းတပ်ဖွဲ့ဝင်များကဆိုသည်။

အဆိုပါ မျက်လုံးကိုကျည်ထိမှန်သည့် ရဲဘော်၏ မျက်လုံး ပုံမှန်အတိုင်းပြန်လည်ကောင်းမွန်လာရန် ဆက်လက်ပြီးဆေးဝါကုသပေးမှာဖြစ်ပြီး လိုအပ်နေတဲ့ ငွေကြေးအချို့ကိုလည်း ပြည်သူတွေအနေဖြင့် ကူညီပေးကြဖို့ကိုလဲ မေတ္တာရပ်ခံကြောင်း TRIPLE-R တပ်ဖွဲ့မှ တာဝနိရှိသူတဦးပြောသည်။

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်များနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့အကြား လက်ရှိအချိန်ထိ တိုက်ပွဲများဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး ဒေသခံအများစုဟာလည်း စစ်ကောင်စီနဲ့ ဝေးရာကို ထွက်ပြေးတိမ်းရှောင်နေရတယ် လို့ ဒေသခံတွေဆီက သိရသည်။

#Ayeyarwaddy_Times