ဆောင်းဘောက်မဖွင့်ဖို့ပြောရာမှ လူကို ဓာတ်ဆီလောင်းမီးရှို့မှုဖြစ်ပွား

ဧရာဝတီတိုင်းမ်

ဩဂုတ်လ ၂၁ ရက်

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်မှာ ဩဂုတ်လ ၁၉ ရက်နေ့က ဆောင်းဘောက်ဖွင့်ဖို့တားရာကနေ စကားများပြီး အမျိုးသား ၁ ဦး ဓာတ်ဆီလောင်းမီးရှို့ခံခဲ့ရတယ်လို့ သိရပါတယ်။

ပျဥ်းမထုံးကျေးရွာအုပ်စု၊ ကွမ်းခြံကုန်းကျေးရွာမှာနေထိုင်တဲ့ ဦးမြင့်စိုးမှ အိပ်ချင်းကပ်နေအိမ်ရှိ ဦးသန့် ဇော်ဝင်းအားခေါ်ပြီး အရက်အတူရာကနေ ဆောင်းဘောက်မဖွင့်ဖို့ပြောဆိုစဥ် စကားများကာ ဓာတ်ဆီလောင်းမီးရှို့ခဲ့တာလို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေက ပြောပါတယ်။

ရုပ်သံ – ဧရာဝတီတိုင်းမ်