ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၇ ရက်

အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လက်နက်တွေ ပို့ဆောင်တဲ့ မြန် မာနိုင်ငံအခြေစိုက် ချင်းအမျိုးသားတပ်ဉီး (CNF) ခေါင်းဆောင်တစ်ဉီး အပါအဝင် သံသယဖြစ်ဖွယ်ရာ အ ဖွဲ့ဝင် (၅) ဉီးကို ဇန်နဝါရီလ ၁၅ ရက်က ဖမ်းဆီးခဲ့တယ်လို့ အိန္ဒိယရဲတပ်ဖွဲ့က ပြောပါတယ်။

ထောက်လှမ်းရေးအဖွဲ့နဲ့ ပူးတွဲစစ်ဆင်ရေးတစ်ခုအတွင်း မီဇိုရမ်ရဲတပ်ဖွဲ့ဟာ မမ်မစ်ခရိုင်၊ စိုင်သာ ရွာဆင်ခြေဖုံး ဧရိယာတွေကို စီးနင်းခဲ့တာလို့ ရဲအရာရှိတစ်ဉီးက ပြောပါတယ်။

စစ်ဆင်ရေးအတွင်း အိန္ဒိယအာဏာပိုင်တွေဟာ AK-47 (၆) လက်၊ AK-47 ကျည်ဆံ ၁၀၀၅၀ တောင့်နဲ့ ကျည်ဘောက် (၁၃) ခုကို တွေ့ရှိခဲ့ပါတယ်။

“ကနဉီး စုံစမ်းစစ်ဆေးမှုတွေအရ သိမ်းဆည်းရမိတဲ့ လက်နက်တွေနဲ့ ကျည်ဆံတွေဟာ မြန်မာ နိုင်ငံမှ CNF နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းဒေသမှာ လှုပ်ရှားနေတဲ့ ညီညွတ်သော ပြည်သူ့ဒီမိုက ရက်တစ်တပ်ဉီး (UPDF-P) တို့ကြား အရောင်းအဝယ်လုပ်ဖို့ ရည်ရွယ်ခဲ့တာကို တွေ့ရှိခဲ့ပါတယ်” လို့ ရဲအ ရာရှိက ဆိုပါတယ်။

ဖမ်းဆီးရမိတဲ့ သံသယရှိသူတစ်ဉီးဟာ CNF ရဲ့ ထင်ရှားသော ခေါင်းဆောင်တစ်ဉီးဖြစ်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

“ဒါဟာ မီဇိုရမ်ပြည်နယ်မှာ အကြီးမားဆုံး လက်နက်တွေ ဖမ်းဆီးရမိတာဖြစ်ပြီး ဒေသတွင်း မှောင်ခိုလုပ်သူတွေအတွက် ပြင်းထန်တဲ့ သတိပေးချက်တစ်ခု ဖြစ်ပါတယ်။ တရားမဝင် လက်နက်မှောင် ခိုမှုနဲ့ ဒေသတွင်း တည်ငြိမ်မှုအတွက် ခြိမ်းခြောက်မှုလည်း ဖြစ်ပါတယ်” လို့ သူက ရှင်းပြပါတယ်။

စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး လက်နက်မှောင်ခိုကွန်ရက်ကို ဖြိုခွင်းဖို့ ကြိုးပမ်းနေတယ်လို့ အဆိုပါရဲအရာရှိက ဆိုပါတယ်။

ကိုးကား – Hindustan Times
Ref; Mizoram police foil arms smuggling from Myanmar to Bangladesh, 5 arrested

#Ayeyarwaddy_Times