ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၆ ရက်

မြန်မာရေတပ်သို့ အမြောက်တွေ ရောင်းချခဲ့တယ်ဆိုတဲ့ ကောလဟလတွေကို အီတလီအခြေ စိုက် စစ်လက်နက်ထုတ်လုပ်ရေးကုမ္ပဏီ Leonardo က ဇန်နဝါရီလ ၁၅ ရက်က ထုတ်ပြန်ချက်တစ်ခုအ တွင်း ငြင်းဆန်ခဲ့ပါတယ်။

ကာကွယ်ရေးဆိုင်ရာ ဂျာနယ်တွေဖြစ်တဲ့ Il Manifesto၊ Asian Defence Journal နဲ့ James စာ စောင်တွေမှာ အခုလိုကောလဟလတွေကို ဖော်ပြခဲ့တာလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

Leonardo က မြန်မာစစ်တပ်ထံ တတိယအဖွဲ့အစည်းတွေမှတစ်ဆင့် OTO Melara 76/62 အ မြောက်တွေ တိုက်ရိုက် သို့မဟုတ် သွယ်ဝှိုက်ပြီး ရောင်းချခဲ့တာမရှိဘူးလို့ ထုတ်ပြန်ချက်က ဖော်ပြပါ တယ်။

Leonardo က 76/62 အမြောက်လက်နက်တွေ လိုင်စင်နဲ့ထုတ်လုပ်ဖို့ BHEL ကုမ္ပဏီနဲ့ သဘော တူညီချက်ရှိပြီး သဘောတူညီချက်မှာ Leonardo နဲ့ အီတလီအာဏာပိုင်တွေရဲ့ ကြိုတင်ခွင့်ပြုချက်မရှိဘဲ စစ်လက်နက်တွေ ရောင်းချမှုမပြုဖို့ ပါဝင်ပါတယ်။

မြန်မာရေတပ်သို့ 76/62 အမြောက်လက်နက်တွေ ရောင်းချခဲ့တာမရှိဘူးလို့ BHEL ကုမ္ပဏီက ဇန်နဝါရီလ ၉ ရက်မှာ ထုတ်ပြန်ချက်တစ်ခုအတွင်း အတည်ပြုခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ အထူး သတိထားရမယ့် နိုင်ငံစာရင်းမှာ ပါရှိတာကြောင့် သေချာမစိစစ်ဘဲ လက် နက်တွေရောင်းချမှာ မဟုတ်ဖူးလို့ Leonardo က ဆိုပါတယ်။

ကိုးကား – Avio News
Ref; Leonardo denies of the alleged supply of guns to the Myanmar Navy

#Ayeyarwaddy_Times