
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၆ ရက်
မြန်မာ့ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျဉ်းကျခံ ရမှုဟာ ၁၉၈၉ ခုနှစ်နောက်ပိုင်း စုစုပေါင်း ၁၉ နှစ်အထိ ရှိလာခဲ့ပြီး လက်ရှိမှာ မြန်မာစစ်တပ်ရဲ့ စတုတ္ထ အကြိမ် ထိန်းသိမ်းမှုခံနေရတယ်လို့ Burma Campaign UK က ဇန်နဝါရီလ ၁၄ ရက်မှာ ထုတ်ပြန်ချက် တစ်ခုအတွင်း ပြောကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးဟာ မြန်မာစစ်တပ်ရဲ့ မတရား ထိန်း သိမ်းမှုခံနေရပြီး ၎င်းတို့ကို ချက်ချင်း လွှတ်ပေးသင့်တယ်လို့ Burma Campaign UK က ဆိုပါတယ်။
ရွေးကောက်ပွဲတိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေရဲ့ထောက်ခံမှု အကြီးအကျယ် ရရှိ ခဲ့ပေမယ့် မြန်မာစစ်တပ်ကတော့ ပြည်သူတွေကို ဘယ်တော့မှ လုပ်ပိုင်ခွင့်အာဏာမပေးခဲ့သလို စစ်တပ် ဟာလည်း တရားဝင်မှုမရှိဘူးလို့ Burma Campaign UK က ပြောပါတယ်။
၂၀၁၂ ခုနှစ်မှာ ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုတွေမှာ လူ့အခွင့်အရေး ကာကွယ်ပေးမှုမလုပ် တာကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာမှာ အငြင်းပွားဖွယ် လူပုဂ္ဂိုလ်တစ်ဉီး ဖြစ်ခဲ့ပါတယ်။
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ရိုဟင်ဂျာတွေအပေါ် ကြားနာခဲ့တဲ့ လူမျိုးသုဉ်းသတ်ဖြတ် မှုမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာစစ်တပ်ကို ကာကွယ်ပေးခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူ့အခွင့်အရေးမှတ်တမ်းကြောင့် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ ဒီ မိုကရေစီတိုက်ပွဲအတွက် နိုင်ငံတကာရဲ့ ပံ့ပိုးကူညီမှု လျှော့နည်းလာခဲ့ပြီး မြန်မာနိုင်ငံအပေါ် အလေးထား မှု နည်းပါးစေခဲ့ပါတယ်။
“မြန်မာစစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို စုစုပေါင်း ၁၉ နှစ် အကျဉ်းချခဲ့တာဟာ သူ့ကို ကြောက်နေတုန်းပဲဆိုတာ ဆယ်စုနှစ်တွေ ကြာလာခဲ့ပေမဲ့ ပြသနေပါတယ်” လို့ Burma Campaign UK ရဲ့ ညွှန်ကြားရေးမှူး မတ်ခ်ဖာမန်နာက ပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရမှာဖြစ်ပြီး မြန်မာစစ် တပ်ထံ ငွေကြေးနဲ့လက်နက် ထောက်ပံ့မှုကိုဖြတ်တောက်ဖို့ လုပ်ဆောင်စရာတွေ များစွာရှိနေပါတယ်” လို့ သူက ဆိုပါတယ်။
ကိုးကား – Burma Campaign UK
Ref; Aung San Suu Kyi Reaches a Total of 19 Years in Detention
#Ayeyarwaddy_Times