
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၆ ရက်
ထိုင်းနယ်စပ်အနီး မြန်မာနိုင်ငံအရှေ့ပိုင်း ရွှေကုက္ကိူမြို့က ကျားဖြန့်လုပ်ငန်းတစ်ခုမှာ ဂျပန်နိုင်ငံ သား (၆) ဦး ဖမ်းဆီးခံထားရတယ်လို့ အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုရဲ့ ပြောကြားချက်အရ သိရ ပါတယ်။
ကမ္ဘာ့နိုင်ငံ ၂၁ ခုမှ လူ ၆၀၀၀ ကျော် ရွှေကုက္ကိူမြို့မှာ ထိန်းသိမ်းခံထားရတယ်လို့ ထိုင်း NGO တစ်ခုဖြစ်တဲ့ လူကုန်ကူးခံရသူများကို ကူညီရေးကွန်ရက်က ဇန်နဝါရီလ ၇ ရက်မှာ ထုတ်ပြန်ချက်တစ်ခု အတွင်း ပြောကြားခဲ့ပါတယ်။
ဖမ်းဆီးခံထားရတဲ့ ဂျပန်နိုင်ငံသားတွေမှာ အမျိုးသား (၅) ယောက်နဲ့ အမျိုးသမီးတစ်ယောက် ဖြစ်တယ်လို့ အဆိုပါ NGO မှ ကိုယ်စားလှယ်တစ်ဉီးက ပြောပါတယ်။
“ဂျပန်နိုင်ငံသားတွေရဲ့ နိုင်ငံကူးလက်မှတ်ကို သိမ်းယူထားတာဖြစ်နိုင်လို့ သူတို့ကို ချက်ချင်း ကယ်တင်ဖို့ ခက်ခဲပါတယ်” လို့ ၎င်းက ဆိုပါတယ်။
“ကျွန်တော်တို့ ဖြစ်စဉ်တွေကို ဒေသန္တရ အာဏာပိုင်တွေနဲ့ အတည်ပြုနေပြီး ဂျပန်နိုင်ငံသားတွေ ကို ကာကွယ်ပေးဖို့ သင့်တော်သလို တုံ့ပြန်သွားပါမယ်” လို့ ဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် ယိုရှီမာ ဆာဟာယာရှီက ဇန်နဝါရီလ ၁၄ ရက်က တိုကျိုမြို့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ ပါတယ်။
ရွှေကုက္ကိူမြို့မှာ ထိန်းသိမ်းခံထားရသူတွေထဲမှာ တရုတ်နိုင်ငံသား ၃၉၀၀ နဲ့ အင်ဒိုနီးရှား၊ ဖိလစ် ပိုင်၊ အီသီယိုးပီးယားနဲ့ ကင်ညာနိုင်ငံမှ အခြားသူတွေလဲ ပါဝင်တယ်လို့ အဆိုပါ NGO ရဲ့ ထုတ်ပြန်ချက် က ဖော်ပြခဲ့ပါတယ်။
နိုင်ငံခြားသားအများစုကို ထိုင်းနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံသို့ လူကုန်ကူးခဲ့တာဖြစ်ပြီး မြန်မာနိုင် ငံရှိ ရာဇဝတ်ဂိုဏ်းတွေက လူကုန်ကူးခံရသူတွေကို ကျားဖြန့်လုပ်ငန်းတွေမှာ အဓမ္မ ခိုင်းစေတာလို့ ထုတ် ပြန်ချက်က ဆိုပါတယ်။
ဖြစ်စဉ်အချို့မှာ ကျားဖြန့်လုပ်ငန်းတွေမှာ လူကုန်ကူးခံရသူတေွ လွတ်မြောက်ဖို့ ငွေကြေးပေးရ တာတွေရှိတယ်လို့ သိရပါတယ်။
တရုတ်ကုမ္ပဏီတွေက ရွှေကုက္ကိူမြို့မှာ လက်နက်ကိုင်အဖွဲ့တွေနဲ့အတူ တရားမဝင် ကာစီနိုတွေ၊ ကျားဖြန့်လုပ်ငန်းတွေ ဖွင့်လှစ်လုပ်ကိုင်နေတာဖြစ်ပါတယ်။
ကိုးကား – The Asahi Shimbun
Ref; NGO: 6 Japanese held captive in ‘crime hub’ in east Myanmar
#Ayeyarwaddy_Times