ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ ဇန်နဝါရီ ၁၆ ရက်

ချင်းပြည်နယ်၊ မင်းတပ်မြို့၊ မြို့သိမ်းတိုက်ပွဲကာလတွင် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် မင်းတပ်မြို့၊ အနောက်ရပ်ကွက်ရှိ တောင်ပုလုဘုန်းကြီးကျောင်း ပျက်စီးသွားကြောင်းသိရသည်။

မင်းတပ်မြို့ရှိ တောင်ပုလုဘုန်းကြီးကျောင်းသည် ချင်းပြည်နယ်တွင် အများပြည်သူစိတ်ဝင်စားသော အထင်ကရဘုန်းကြီးကျောင်းတစ်ကျောင်းဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်တွင် စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘာသာရေးအဆောက်အအုံစုစုပေါင်း ၃၀ နီးပါးပျက်စီးသွားကြောင်းသိရသည်။

မင်းတပ်မြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့က စတင်ခဲ့ပြီး ဒီဇင်ဘာလ ၂၁ ရက်တွင် မင်းတပ်မြို့နယ်တစ်ခုလုံးကို ချင်းညီနောင်နှင့် မဟာမိတ်ပူးပေါင်းတပ်က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရသည်။

Photo-ဆလိုင်းနိုင်းဟုန်း
ပုံစာ- လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော တောင်ပုလုဘုန်းကြီးကျောင်း
#စစ်ကောင်စီ#လေကြောင်းတိုက်ခိုက်မှု#မင်းတပ်မြို့#တောင်ပုလုဘုန်းကြီးကျောင်းပျက်စီး#
#Ayeyarwaddy_Times