ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၅ ရက်

ပြန်ပေးဆွဲခံရတဲ့ တရုတ်သရုပ်ဆောင်တစ်ဉီးကို မကြာသေးမီက ကယ်တင်ပြီးနောက် ပြည်ပမှာ လစာမြင့် အလုပ်အကိုင်ခေါ်ယူမှုတွေနဲ့ပတ်သက်လို့ ထိုင်းနဲ့မြန်မာရှိ တရုတ်သံရုံးတွေက သူ့နိုင်ငံသား တွေကို သတိပေးလိုက်ပါတယ်။

လစာမြင့်အလုပ်အကိုင်တွေ သို့မဟုတ် အခမဲ့ လေယာဉ်လက်မှတ်တွေနဲ့ နေထိုင်စရာတွေနဲ့ ကမ်းလှမ်းမှုတွေကို မယုံကြည်ကြဖို့ ထိုင်းနိုင်ငံရှိ တရုတ်သံရုံးက ထုတ်ပြန်ချက်တစ်ခုအတွင်း တရုတ်နိုင် ငံသားတွေကို သတိပေးခဲ့ပါတယ်။

အွန်လိုင်းလိမ်လည်မှုတွေကို သတိထားကြဖို့ မြန်မာနိုင်ငံရှိ တရုတ်သံရုံးနဲ့ ကောင်စစ်ဝန်ရုံးတွေ က တရုတ်နိုင်ငံသားတွေကို သတိပေးခဲ့ပါတယ်။

ထိုင်းနဲ့မြန်မာကြား ပူးပေါင်း ကြိုးပမ်းမှုကြောင့် ပျောက်ဆုံးသွားခဲ့တဲ့ တရုတ်သရုပ်ဆောင်တစ် ဉီးဖြစ်သူ ဝမ်ကျင်းဟာ သောကြာနေ့ညပိုင်းက ထိုင်းနိုင်ငံမှ တရုတ်နိုင်ငံသို့ ပြန်သွားခဲ့ပြီလို့ တရုတ်သံရုံး က အတည်ပြုခဲ့ပါတယ်။

ရုပ်ရှင်ထုတ်လုပ်သူဟန်ဆောင်ထားတဲ့ လူကုန်ကူးသူတွေရဲ့ ဖမ်းဆီးမှုခံရပြီးနောက် ဝမ်ကျင်း ဟာ ဇန်နဝါရီလ ၃ ရက်က ထိုင်း-မြန်မာနယ်စပ်မှာ ပျောက်ဆုံးသွားခဲ့တာပါ။

လူကုန်ကူးသူတွေက ဝမ်ကျင်းကို လစာကောင်းကောင်းပေးမယ်လို့ လိမ်လည်ပြီး မြန်မာနိုင်ငံ ဘက်ကို ခေါ်ဆောင်သွားခဲ့ကာ ကျားဖြန့်အလုပ်တွေ ဖိအားပေးသင်စေခဲ့ပါတယ်။

ထိုင်းနဲ့မြန်မာအာဏာပိုင်တွေက ဇန်နဝါရီလ ၇ ရက်မှာ ဝမ်ကျင်းကို ကယ်တင်ကာ ထိုင်းရဲတပ် ဖွဲ့က သူ့ကို လူကုန်ကူးခံရသူတစ်ဉီးအဖြစ် သတ်မှတ်ခဲ့ပါတယ်။

အဆိုပါဖြစ်စဉ်က လူမှုကွန်ရက်ပေါ်မှာ စိုးရိမ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်စေခဲ့ပြီး အွန်လိုင်းအ သုံးပြုတွေဟာ ထိုင်းနိုင်ငံသို့ ခရီးသွားပြီးနောက် မြန်မာနယ်စပ်အနီး ပျောက်ကွယ်သွားတဲ့ ၎င်းတို့ရဲ့ မိတ်ဆွေတွေ၊ ဆွေမျိုးတွေအကြောင်း မျှဝေရေးသားခဲ့ပါတယ်။

ဝမ်ကျင်းရဲ့ဖြစ်စဉ်ကြောင့် တရုတ်ခရီးသွားအချို့က လာမယ့် တရုတ်နှစ်သစ်ကူး အားလပ်ရက်အ တွင်း ထိုင်းနိုင်ငံသို့သွားရောက်မယ့် ခရီးစဉ်တွေကို ပြန်လည်စဉ်းစားလာခဲ့ပါတယ်။

ကိုးကား – VN Express International
Ref; China warns citizens of high-paying job scams in Thailand and Myanmar, following actor Wang Xing kidnapping

#Ayeyarwaddy_Times