
တရုတ်ကိုတန်ပြန်မယ့် တာဝေးပစ်ဒုံးကျည်တွေဖြန့်ကြက်ဖို့ ဂျပန်နိုင်ငံ စဉ်းစား
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၁ ရက်
တရုတ်ရဲ့ရန်ကို တန်ပြန်တိုက်ခိုက်မှုတိုးမြှင့်ဖို့ တာဝေးပစ် ခရုဇ်ဒုံးကျည် ၁၀၀၀ စင်းဖြန့်ကြက်ဖို့ ဂျပန်နိုင် ငံက စဉ်းစားနေတယ်လို့ ယူမီအူရီသတင်းစာက ဒီနေ့ ဖော်ပြလိုက်ပါတယ်။
ခရုဇ်ဒုံးကျည်တွေ အကွာအဝေး ကီလိုမီတာ ၁၀၀ မှ ကီလိုမီတာ ၁၀၀၀ အထိ ရောက်ရှိနိုင်အောင် အဆင့် မြှင့်တင်မယ်လို့ အစိုးရသတင်းရင်းမြစ်တွေကို ကိုးကားပြီး အဲဒီသတင်းစာက ဖော်ပြပါတယ်။
စစ်သင်္ဘော သို့မဟုတ် တိုက်လေယာဉ်ပေါ်ကနေ ပစ်ခတ်နိုင်တဲ့ ခရုဇ်ဒုံးကျည်တွေကို နန်ဆိုင်းကျွန်းပေါ် မှာ အဓိက ဖြန့်ကြက်မှာဖြစ်ပြီး မြောက်ကိုရီးယားနဲ့ တရုတ်နိုင်ငံကမ်းရိုးတန်းဒေသတွေအထိ ရောက်ရှိနိုင်တယ် လို့ သတင်းစာက ဖော်ပြပါတယ်။
ကိုယ့်ကိုကိုယ် ကာကွယ်ရန်သာ စစ်တပ်ကို အသုံးပြုရမယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ ဂျပန်နိုင်ငံက ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ခဲ့ပြီး မကြာသေးမီနှစ်တွေအတွင်း ပိုမိုကောင်းမွန်တဲ့ မဟာဗျူဟာ တစ်ရပ် ချမှတ်ခဲ့ပါတယ်။
အခြားတိုင်းပြည်များရှိ ပစ်မှတ်များကို တိုက်ခိုက်နိုင်တဲ့ လက်နက်တွေနဲ့ပတ်သက်လို့ ဂျပန်နိုင်ငံက ကန့် သတ်ချက်တွေရှိတာကြောင့် တာဝေးပစ်ဒုံးကျည် ဖြန့်ကြက်တာကို ရှောင်ကြဉ်ခဲ့ပါတယ်။
အမေရိကန် အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီ ထိုင်ဝမ်ကို သွားရောက်ပြီးနောက် ဒီလအတွင်း ဒေသ တွင်းမှာ တင်းမာမှုတွေ မြင့်တက်လာခဲ့ပါတယ်။
ကိုးကား – CNA
Ref; Japan considers deploying long-range missiles to counter China: Report