
ဖလမ်းမြို့နယ်တွင် CNO/CNDF မှ ကုတင် ၅၀ ဆံ့ဆေးရုံဖွင့်လှစ်
ဧရာဝတီတိုင်းမ်
(ဖလမ်း)၊ ဩဂုတ်လ ၂၁ ရက်
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင် ဩဂုတ်လ ၂၀ ရက် နံနက် ၁၀ နာရီ တွင် ချင်းအမျိုးသားအဖွဲ့ချုပ် CNO/CNDF မှ ကုတင် ၅၀ ဆံ့ဆေးရုံဖွင့်ပွဲကျင်းပခဲ့ကြောင်း CNO/CNDFက သတင်းထုတ်ပြန်ထားသည်။
အခမ်းအနားတွင် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) စစ်ဦးစီးချုပ် ဆလိုင်းပီတာထန်း ဦးဆောင်ပြီး ချင်းအမျိုးသားအလံ အလေးပြုခြင်း၊ ကျဆုံးအာဇာနည်ရဲဘော်များအား အလေးပြုခြငိးနှင့် ချင်းအမျိူးသားသီချင်းသီဆိုကာ ဒေသခံဆရာတော်မှ ဆုတောင်းခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဆေးရုံသည် ၂၀၂၁ ခုနှစ် ဧပြီလတွင် CNO/CNDF စတင်ဖွဲ့စည်းသည့်အချိန်မှ ကုသမှူများစတင်၍ ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် ဆေးရုံအဖြစ်သို့ တိုးချဲ့ကာ Kalay-PDF ဆရာဝန်များနင့် ပူးပေါင်းပြီး တပ်ဖွဲ့ဝင်ရဲဘော်များ ခွဲစိတ်ကုသမှူ ကလေးမီးဖွားပေးမှူနှင့် ပြည်သူများအတွက်
ကျန်းမာရေးစောင့်ရှောက်မှုများ ပေးလျက်ရှိကြောင်း CNO ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။
ဆေးရုံဖွင့်လှစ်ပွဲအခမ်းအနားကို CNO/CNDF တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး အမျိးသားညီညွှတ်ရေးအစိုးရ (NUG)၏ ကျန်းမာရေးဝန်ကြီးဌာနနှင့် ကြားကာလ အတိုင်ပင်ခံကောင်စီ (ICNCC) တို့မှလည်း သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။
#CNO #CNDF #ဖလမ်း #ကုတင်၅၀ #ဆေးရုံ
#Ayeyarwaddy_Times