
ကပိုင်ရွာနှင့်ပေါင်းဝရွာကို မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ၄၀ မမ ဗုံးသီးများနှင့်ပစ်ခတ်တိုက်ခိုက်ခံရ (ရုပ်/သံ)
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၁ ရက်
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်းရှ်ိ ကပိုင်ရွာနှင့်ပေါင်းဝရွာကို မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်သားများ ယင်းမာပင်ခရိုင်တပ်ရင်း ၁၆ ၊တပ်ခွဲ ၁ Brother Defense
Force(BDF)နှင့်အတူ အခြားမဟာမိတ်များနဲ့ပူးပေါင်းကာ ၇၉၊ ၄၀ မမ ဗုံးသီးများနှင့်ပစ်ခတ်တိုက်ခိုက်ခဲ့တယ် လို့ ယင်းမာပင်ခရိုင်တပ်ရင်း ၁၆ တပ်ဖွဲ့ဝင်များထံကသိရသည်။
အဆိုပါပစ်ခတ်တိုက်ခိုက်မှုသည် သြဂုတ်လ ၂၀ ရက်နေ့ နေ့လည် ၁၀ နာရီ ၃၀ မိနစ်ဝန်းကျင်က ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က မည်မျှသေဆုံးတယ်ဆိုတာကိုတော့ မသိရှ်ိသေးကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း ၁၆ တပ်ဖွဲ့ဝင် တဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
#Ayeyarwaddy_Times