ဟင်္သာတမြို့မှာ လူငယ်နှစ်ဦး ဆိုင်ကယ်မောင်း လာစဥ် ဗုံးပေါက်ကွဲပြီး သေဆုံး

နွေဦးမောင်/ဧရာဝတီတိုင်းမ်

(ဟင်္သာတ)၊ သြဂုတ်လ ၂၁ ရက်

ဧရာဝတီတိုင်း ဟင်္သာတမြို့နယ်ဒူးယားကျေးရွာနဲ့ လက်ပံစုကျေးရွာအနီးမှာ ယမန်နေ့ သြဂုတ်လ ၂၀ ရက်နေ့ ည ၈ နာရီအချိန်ခန့်က အမျိုးသားလူငယ် နစ်ဦး ဆိုင်ကယ်အတွင်းက ဗုံးပေါက်ကွဲပြီး သေဆုံးသွားတယ်လို့ဒေသခံတွေဆီက သိရပါတယ်။

” သေတဲ့လူတွေက အသက်၃၀အရွယ်တွေလို့ကြားတယ်။ မြို့ပြင်မှာဖြစ်တာဆိုတော့ သွားကြည့်ဖို့အဆင်မပြေဘူး။ အရပ်ထဲပြောနေကြတာတော့ မောင်းလာတုန်း ဆိုင်ကယ်နောက်ဖုံးထဲကဗုံးထပေါက်တာလို့ပြောကြတယ်”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ပေါက်ကွဲမှုအတွင်း အမျိုးသား၂ ဦး သေဆုံးမှုနဲ့ပတ်သက်ပြီး ဟင်္သာတမြို့နယ်အတွင်းမှာ လှုပ်ရှားနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်က သတင်းတစ်စုံတရာထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

ပေါက်ကွဲမှုအပြီးမှာစစ်ကောင်စီတပ်များနှင့် ရဲများရောက်ရှိလာပြီး စစ်ဆေးမှုများပြုလုပ်ခဲ့​ပြီး သေဆုံးသူ ၂ ဦးရဲ့အလောင်းတွေကို သယ်ယူသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

#ဟင်္သာတ #လူငယ် #ဆိုင်ကယ် #ဗုံးပေါက်ကွဲ

#Ayeyarwddy_Times