
စအရ ၉၀၄ နဲ့ ခလရ ၂၇၅ တပ်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေနတ် ၃လက်နဲ့ CDMဝင်၊ KNDOမှဂုဏ်ပြုချီးမြင့်
ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၂၁ ရက်
ကရင်ပြည်နယ်၊ မြဝတီ-ဝေါ်လေ ဒေသတစ်လျှောက် ထိုး စစ်ဆင်နေသည့် စစ်ကောင်စီတပ်မှ တပ်သား (၂) ဦး ဇူလိုင်လအတွင်းက သေနတ် ၃ လက်နှင့်အတူ KNDO ထံသို့ CDM ပြုလုပ်အလင်းဝင်ပူးပေါင်းလာကြောင်း CDM တပ်မတော်သားတွေကိုကူညီပေးနေသည့် ပြည်သူ့ပန်းတိုင်အဖွဲ့က သတင်းထုတ်ပြန်သည်။
CDM ဝင်ရောက်လာသူများသည် စစ်ကောင်စီတပ်၏ မော်လမြိုင်မြို့၊ရခိုင်ကုန်းအခြေစိုက် အမှတ် ၉၀၄ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း(စအရ ၉၀၄) တပ်မှ တပ်သား အောင်အောင် နှင့် မြဝတီမြို့အခြေစိုက် ခလရ (၂၇၅) တပ်မှ တပ်သား အာကာမင်း တို့ဖြစ်ပြီး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်လာသည်ဟု ဆို သည်။
အဆိုပါ CDM တပ်မတော်သားများနှင့်အတူ အမ်အေ-၁ (၂) လက်၊ အမ်အေ-၃ (၁) လက်၊ ခဲယမ်းကျည် အမြောက်အများပါဝင်ကြောင်း သိရသည်။
လက်နက်များနှင့်အတူ CDM ဝင်ရောက် ပူးပေါင်းလာသည့် တပ်သား (၂) ဦးအား KNDO မှ နွေးထွေးစွာ ကြိုဆို ဂုဏ်ပြုခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG မှ ထောက်ပံ့ပေးသည့် ဂုဏ်ပြုငွေများအား ချီးမြင့်ပေးခဲ့ကြောင်း သိရသည်။
#Ayeyarwaddy_Times