ဂျာမနီက ယူကရိန်းသို့ လေယာဉ်ပစ်လက်နက်တွေနဲ့ သံချပ်ကာယာဉ်တွေပါတဲ့ စစ်ရေးအကူအညီ ပေးအပ်

ဧရာဝတီတိုင်းမ်

သြဂုတ်လ ၂၁ ရက်

ဂျာမနီနိုင်ငံက ယူကရိန်းသို့ နောက်ထပ် Gepard လေယာဉ်ပစ်လက်နက်ကြီး သုံးလက်အပြင် M113 သံချပ်ကာယာဉ် ၁၁ စင်းနဲ့ စစ်လက်နက်တွေ ထောက်ပံ့မယ်လို့ သိရပါတယ်။

ဂျာမနီနိုင်ငံက ထောက်ပံ့မယ့်စစ်လက်နက်တွေထဲမှာ ထရပ်ကားပေါ်တင်ပစ်ခတ်ရတဲ့ ၇၀ မီလီမီတာ လောင်ချာ အလက် ၂၀နဲ့ ဒုံးကျည် အစင်း ၂၀၀၀ အပြင် လေဆာစနစ်တွေလည်း ပါဝင်ပါတယ်။

ဒါ့အပြင် ၁၅၅ မီလီမီတာအမြောက်ကျည်တွေ၊ မောင်းသူမဲ့လေယာဉ်ဖျက်စနစ်တွေ၊ စစ်ဘက်သုံးယာဉ် တွေ၊ MG-3 စက်သေနတ်အလက် ၃၀ နဲ့ သယ်ယူပို့ဆောင်ရေးယာဉ်ခြောက်စင်းလည်း ပါဝင်ပါတယ်။

ဂျာမနီနိုင်ငံက ယူကရိန်းသို့ တင့်ကားဖျက်လက်နက် ၁၀၀၀ နဲ့ Stinger လေကြောင်းရန်ကာကွယ်ရေးစ နစ် ၅၀၀ ထောက်ပံ့ဖို့ မကြာသေးမီက သဘောတူခဲ့ပါသေးတယ်။

ယူကရိန်းသို့ ဒေါ်လာ သန်း ၇၅၀ ကျော်တန်ကြေးရှိ ထပ်တိုး စစ်ရေးအကူအညီ ပေးအပ်မယ်လို့ အမေရိ ကန်အစိုးရက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကြေညာခဲ့ပါတယ်။

ယူကရိန်းစစ်တပ်က အနောက်နိုင်ငံတွေထောက်ပံ့တဲ့ စစ်လက်နက်တွေအသုံးပြုပြီး ရုရှားတို့ရဲ့ကျူး ကျော်မှုကို ခုခံကာကွယ်ရာမှာ ထိရောက်မှုတွေရှိတယ်လို့ သိရပါတယ်။

ဥရောပတိုင်းပြည်တွေဖြစ်တဲ့ ပိုလန်၊ နယ်သာလန်၊ ချက်သမ္မတနိုင်ငံနဲ့ ဘယ်လ်ဂျီယမ်နဲ့ နောဒစ်တိုင်း ပြည်တွေက လေယာဉ်ပစ်လက်နက်တွေအပြင် စက်သေနတ်တွေ၊ လောင်စာဆီတွေ ယူကရိန်းသို့ ထောက်ပံ့ခဲ့ပါတယ်။

ကိုးကား – Euro Maidan Press

Ref; Germany announces new package of military aid to Ukraine