ရှားတောမြို့နယ်အတွင်းက တငူးဆိုစခန်းအား KA၊ KNDF B17 B14 တို့မှသွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်များ အပြီးအပိုင်ဆုတ်ခွာခဲ့ရ

ဧရာဝတီတိုင်းမ်

သြဂုတ်လ ၂၁ ရက်

ကရင်နီ(ကယား)ပြည်နယ်၊ ရှားတောမြို့နယ်အတွင်း ရှမ်း-ကယားနယ်စပ်ဒေသရှိ စစ်ကောင်စီတပ်၏ ခြေကုပ်စခန်းပွိုင့်အမှတ် ၅၃၅၀ (ဒေသအခေါ် တငူးဆို စခန်း) ကို ကရင်နီတပ်မတော် နှင့် KNDF B17 B14 တို့၏ ဗျူဟာမြောက်တိုက်ခိုက်ခဲ့ကြောင်း Kn.A.C က သတင်းထုတ်ပြန်ထားသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်များ ၎င်းစခန်းမှ အပြီးအပိုင် ဆုတ်ခွာခဲ့ရပြီး ထိုစခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

စစ်အာဏာသိမ်းပြီးနှောက် ရှားတောမြို့နယ်အတွင်း စစ်ကောင်စီ ကြားစခန်းအပါအဝင် ခြေကုပ်စခန်း (၈) ခု သိမ်းပိုက်ရရှိခဲ့ကြောင်း Kn.A.C ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။..

ဓာတ်ပုံ – Kn.A.C

#Ayeyarwddy_Times