
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၄ ရက်
ရုရှားနိုင်ငံမှာ ထိန်းသိမ်းခံထားရတဲ့ ယူကရိန်းစစ်သားတွေနဲ့ အလဲအလှယ်လုပ်မှုအဖြစ် မြောက် ကိုရီးယားစစ်သားနှစ်ဦးကို ခေါင်းဆောင် ကင်ဂျုံအန်ထံ လွှဲပြောင်းပေးဖို့ အဆင်သင့်ရှိတယ်လို့ ယူကရိန်း သမ္မတ ဇီလန်စကီးက ပြောပါတယ်။
ဇီလန်စကီးဟာ တနင်္ဂနွေနေ့က ရုရှားနိုင်ငံအနောက်ပိုင်း ကာတ်စ်ဒေသမှာ ဖမ်းဆီးမိခဲ့တဲ့ မြောက်ကိုရီးယားစစ်သားနှစ်ဉီးကို စစ်ဆေးနေတဲ့ ရုပ်သံဖိုင်တစ်ခုကို လူမှုကွန်ရက်မှာ တင်ခဲ့ပါတယ်။
အင်္ဂလိပ်စာတန်းထိုး အဆိုပါရုပ်သံဖိုင်မှာ ယူကရိန်းစစ်ပွဲသို့ ပို့ဆောင်ခဲ့တဲ့ မြောက်ကိုရီးယားတပ် မှူးတွေကို ဘာပြောခဲ့လဲလို့ မေးမြန်းရာမှာ လေ့ကျင့်ပေးဖို့ စေလွှတ်ခဲ့တာလို့ မြောက်ကိုရီးယားစစ်သား တစ်ဉီးက ဖြေကြားပါတယ်။
သူ့ကို ခိုင်းတဲ့အတိုင်း လုပ်ဆောင်မှာဖြစ်ပြီး နေရပ်ပြန်ဖို့လိုအပ်ပါက ပြန်မှာဖြစ်ကြောင်း၊ ယူက ရိန်းမှာနေဖို့ အခွင့်အရေးပေးပါက နေမှာဖြစ်ကြောင်း နောက်ထပ် မြောက်ကိုရီးယားစစ်သားက ဆိုပါ တယ်။
မေးရိုးမှာ ပတ်တီးစည်းထားတဲ့ မြောက်ကိုရီးယားစစ်သားတစ်ဉီးက သူ့မှာ မိသားစုရှိပြီး မြောက် ကိုရီးယားသို့ ပြန်လိုခြင်းရှိ မရှိ မေးမြန်းရာမှာ အိမ်ပြန်လိုတယ်လို့ ပြောပါတယ်။
ရုရှားမှာ ထိန်းသိမ်းခံထားရတဲ့ ယူကရိန်းစစ်သားတွေနဲ့ အကျဉ်းသားချင်း လဲလှယ်ပါက အဆင် သင့်ရှိတယ်လို့ ဇီလန်စကီးက ရေးသားခဲ့ပါတယ်။
“နေရပ်မပြန်လိုတဲ့ မြောက်ကိုရီးယားစစ်သားတွေအတွက် အခြားရွေးချယ်ခွင့်တွေ ရှိပါမယ်။ ကို ရီးယားမှာ စစ်ပွဲနဲ့ပတ်သက်လို့ ငြိမ်းချမ်းရေးရရှိဖို့ လုပ်ဆောင်ဖို့ဆန္ဒရှိသူတွေကို အခွင့်အရေး ပေးပါမယ်” လို့ သူက ဆိုပါတယ်။
ကိုးကား – NHK
Ref; Zelenskyy expresses readiness to hand over North Korean soldiers to Kim Jong Un
#Ayeyarwaddy_Times