
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၄ ရက်
မြန်မာနှင့် ကုန်သွယ်ဖက်နိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံသည် မြန်မာ့ကုန်သွယ်မှုဆိုင်ရာလုပ်ငန်း ပို့ကုန်/သွင်းကုန်ကဏ္ဍတွင် အခက်အခဲရှိနေကြောင်း အိန္ဒိယစီးပွားရေးလုပ်ငန်းရှင်များ၏ ပြောကြားချက်အရ သိရသည်။
မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့် အိန္ဒိယ-မြန်မာ ကုန်သည်ကြီးများအသင်း (IMCC) တို့ ပြီးခဲ့သည့် ဇန်နဝါရီ ၁၀ ရက်နေ့က တွေ့ဆုံရာတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
UMFCCI နှင့် IMCC တို့ တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံပြီး စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်သော အိန္ဒိယစီးပွားရေးလုပ်ငန်းရှင်များ ၃၀၀ ကျော်ခန့်တက်ရောက်ခဲ့ပြီး လက်ရှိတွင် ကွန်တိန်နာ အခက်အခဲနှင့် သယ်ယူပို့ဆောင်မှု၊ ပို့ကုန်သွင်းကုန်လိုင်စင်ဆိုင်ရာကိစ္စရပ်များ၊ ဆေးဝါးနှင့် အလှကုန်တင်သွင်းမှုအတွက် FDA မှတ်ပုံတင်ရာတွင် ကြန့်ကြားမှုများရှိကြောင်း စီးပွားရေးလုပ်ငန်းရှင်များထံက သိရသည်။
“ကွန်တိန်နာပို့ဖို့။ သွင်းဖို့ဆိုရင်အထောက်အထားစာရွက် စာတမ်းတွအများကြီးလိုတယ်။ ဌာနဆိုင်ရာ ထောက်ခံချက်တွလိုတယ်ပေါ့။ အဲဒါတွေပြီးလို့ဆိပ်ကမ်းရောက်ရင်လည်း coustoms က ရစ်တာ ရှိတယ်။ import တွေဆိုရင်လည်း coustoms မစစ်ဆေးရသေးလို့ မထုတ်နိုင်တာတွေ အများကြီးပဲ။ လက်စားမှုတွေပိုများလာတယ် ” ဟု export/import ကိုယ်စားလှယ်လုပ်ငန်းဆောင်ရွက်သူ အမျိုးသား တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင်လုပ်ငန်းပြီးပြတ်နိုင်ရန်အတွက် export နှင့် import တင်သွင်း၊ တင်ပို့လိုသော ကုန်ပစ္စည်းကိုတာဝန်ယူစစ်ဆေးရသည့် သက်ဆိုင်ရာဝန်ကြီးဌာနများအပြင် အကောက်ခွန်ဦးစီးဌာနက စာရွက်စာတမ်းတစ်ခါပြီးရန်အတွက် ကျပ်သိန်းနှင့်ချီလာဘ်စားမှုများရှိကြာင်း export/import ကိုယ်စားလှယ်လုပ်ငန်းဆောင်ရွက်သူထံက သိရသည်။
ထို့ပြင် လယ်ယာထွက်ကုန်များ တင်ပို့ရာတွင် Phyto Certificate လျှောက်ထားမှုနှင့် လယ်ယာ ထွက်ကုန် အရည်အသွေးဆိုင်ရာ ကိစ္စရပ်များ၊ ကျပ်-ရူပီး အသုံးပြုမှုလုပ်ငန်းစဉ်နှင့် ပို့ကုန်ရငွေ (Export Earning) ကိုင်ဆောင် အသုံး ပြုခွင့်အကန့် အသတ်များရှိကြောင်းသိရသည်။
ထိုသို့ အကန့်အသတ်များရှိသော်လည်း နှစ်နိုင်ငံအကြား ကုန်သွယ်မှုလုပ်ငန်းများ ပိုမိုဆောင်ရွက် နိုင်ရန်အတွက် ကျပ်-ရူပီး တိုက်ရိုက်ငွေပေးချေမှုစနစ်ကို ဆောင်ရွက်နေပြီး ကုန်သွယ်မှုဆိုင်ရာ ဖြေလျှော့ပးနေကြာင်း စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်းက ပြောကြားထားသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
#ကုန်သွယ်မှုအခက်အခဲ #အိန္ဒိယစီးပွားရေးလုပ်ငန်းရှင် #export #import #Ayeyarwaddy_Times