
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၄ ရက်
တရုတ်နိုင်ငံရဲ့ မြေရှားသတ္ထုတင်ပို့မှုဟာ ၂၀၂၄ ခုနှစ်အတွင်း ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ အကောက်ခွန်ဌာန အချက်အလက်တွေအရ သိရပါတယ်။
တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့နှစ်က လျှပ်စစ်ကားမှ လူသုံးကုန် အီလက်ထရောနစ်အထိ ကုပစ္စည်းအ မျိုးမျိုး ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ တန်ချိန် ၅၅၄၃၁ ရှိတဲ့ မြေရှားသတ္ထု ၁၇ မျိုး တင်ပို့ခဲ့တယ်လို့ အ ကောက်ခွန်ဌာန အချက်အလက်တွေက ဖော်ပြပါတယ်။
ယခုပမာဏဟာ တရုတ်နိုင်ငံရဲ့ မြေရှားသတ္ထုတင်ပို့မှု စံချိန်တင်တဲ့ ၂၀၁၄ ခုနှစ်နောက်ပိုင်း အ မြင့်မားဆုံးပမာဏဖြစ်ပြီး ပြည်တွင်းဝယ်လိုအားကို အကန့်အသတ်ထားပေမယ့် ပြည်ပတင်ပို့မှု မြင့် တက်ခဲ့တာပါ။
တရုတ်နိုင်ငံရဲ့ ပြီးခဲ့တဲ့လက မြေရှားသတ္ထုတင်သွင်းမှုမှာ ၂၀၂၃ ခုနှစ်က တင်သွင်းခဲ့တဲ့ တန်ချိန် ၉၆၄၅ ထက် ၄၁ ဒသမ ၁ ရာခိုင်နှုန်း လျှော့နည်းခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ ၂၀၂၄ ခုနှစ်အတွင်း မြေရှားသတ္ထုတင်သွင်းမှု လျှော့နည်းတာဟာ ကမ္ဘာပေါ်မှာ အ ဓိက မြေရှားသတ္ထုထုတ်လုပ်တဲ့ အမေရိကန်နဲ့မြန်မာမှ တင်သွင်းမှုလျှော့နည်းတာကြောင့်လို့ လေ့လာသူ တွေက ပြောပါတယ်။
တရုတ်နိုင်ငံသို့ မြေရှားသတ္ထုတွေ အဓိကတင်ပို့ရာ သတ္ထုမိုင်းတစ်ခုကို ထိန်းချုပ်ခဲ့တယ်လို့ မြန် မာစစ်ကောင်စီကို တိုက်ခိုက်နေတဲ့ KIA အဖွဲ့က အောက်တိုဘာလအတွင်း ပြောကြားခဲ့ပါတယ်။
အမေရိကန်နဲ့မြန်မာမှ မြေရှားသတ္ထုတင်သွင်းမှုဟာ ပြီးခဲ့တဲ့နှစ် ပထမ ၁၁ လအတွင်း နှစ်အ လိုက် ၁၄ ဒသမ ၆ ရာခိုင်နှုန်းနဲ့ ၃၁ ဒသမ ၆ ရာခိုင်နှုန်း လျော့နည်းခဲ့တယ်လို့ အကောက်ခွန်ဌာန အ ချက်အလက်တွေက ဖော်ပြခဲ့ပါတယ်။
ကိုးကား – Reuters
Ref; China’s rare earth exports in 2024 climb as home demand limited
#Ayeyarwaddy_Times