
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၄ ရက်
ယခုသီတင်းပတ်အတွင်း ရခိုင်ပြည်နယ်မှာ လူပေါင်း ဒါဇင်နဲ့ချီ သေဆုံးခဲ့တဲ့ စစ်ကောင်စီရဲ့ လေ ကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဉပဒေကို လိုက်နာကြဖို့ မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအားလုံးကို ကုလသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် (၄) နှစ်ကြာမြင့်လာချိန်မှာ မြန်မာစစ်ကောင်စီရဲ့ အရပ်သားတွေအ ပေါ် တိုက်ခိုက်မှု ဖြစ်လာတာပါ။
စစ်ကောင်စီက ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်းက ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ရွာကို လေကြောင်း တိုက်ခိုက်ခဲ့ရာ နေအိမ် ၅၀၀ ခန့် ပျက်စီးခဲ့ပြီး လူ (၄၀) ကျော် သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂနဲ့ အမျိုး သားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အာရက္ခတပ်တော် (AA) က စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ကို ဖော်ပြခဲ့ပြီး သေ ဆုံးသူ မူဆလင်ရွာသား (၂၅) ဉီးနဲ့ ဒဏ်ရာရရှိသူ (၁၂) ဉီးရဲ့အမည်ကို ထုတ်ပြန်ခဲ့ပါတယ်။
စစ်တပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီးနောက်ပိုင်း မြန်မာနိုင်ငံဟာ ကစဉ့်ကလျားဖြစ်နေခဲ့ပြီး လူထုဆန္ဒပြ ပွဲတွေဟာ မျက်နှာစာပေါင်းစုံမှာ လက်နက်ကိုင်တော်လှန်မှုအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။
လေယာဉ်ဆီ ထောက်ပံ့နေတဲ့ စီးပွားရေးလုပ်ငန်းတွေကို မြန်ဆန်စွာ ဒဏ်ခတ်ပိတ်ဆို့ရေး စစ် ကောင်စီရဲ့ ဝင်ငွေရပေါက်တွေကို ဖြတ်တောက်ဖို့လုပ်ဆောင်နေတဲ့ Blood Money Campaign က တိုက်တွန်းခဲ့ပါတယ်။
“စစ်ကောင်စီထံ လေယာဉ်ဆီထောက်ပံ့တဲ့ကုမ္ပဏီတွေကို ဒဏ်ခတ်ပိတ်ဆို့မှသာ လေကြောင်း တိုက်ခိုက်မှုတွေ အမှန်တစ်ကယ် အဆုံးသတ်မှာဖြစ်ပါတယ်” လို့ Blood Money Campaign ရဲ့ ပြောရေး ဆိုခွင့်ရှိသူ မူလန်က ပြောပါတယ်။
ကိုးကား – Reuters
Ref; UN urges all parties in Myanmar to uphold humanitarian law after air strike
#Ayeyarwaddy_Times