
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၃ ရက်
ရုရှား လေကြောင်းတိုက်ခိုက်မှုတွေကို တန်ပြန်ဖို့အပါအဝင် ယူကရိန်းသို့ စစ်လက်နက်တွေ ထောက်ပံ့မယ့် ကတိတွေအားလုံးကို လေးစားသမှုထားဖို့ သမ္မတ ဇီလန်စကီးက တနင်္ဂနွေနေ့မှာ မဟာ မိတ်တွေကို တောင်းဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့အပတ်က ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းနိုင်ငံကို ရာနဲ့ချီတဲ့ လေကြောင်းတိုက်ခိုက်မှု တွေ ပြုလုပ်ခဲ့ပြီး ဗုံးအလုံးရေ ၇၀၀ နီးပါးတဲ့ ဒရုန်းတိုက်ခိုက်မှု ၆၀၀ ကျော် လုပ်ဆောင်ခဲ့တယ်လို့ ၎င်းက ပြောပါတယ်။
ယူကရိန်း လေကြောင်းရန်ကာကွယ်ရေးစနစ်က ရုရှားရဲ့ ဒရုန်း ၉၄ စင်းအနက် ၆၀ စင်းကို ပစ်ချ ခဲ့တယ်လို့ ယူကရိန်းလေတပ်က ပြောပါတယ်။
“ရုရှားစစ်တပ်ဟာ အပတ်စဉ်တိုင်း ယူကရိန်းနိုင်ငံကို အကြမ်းဖက်နေပြီး လေကြောင်းအားသာ ချက်ကို အသုံးချနေပါတယ်” ဇီလန်စကီးက တယ်လီဂရမ်မှာ ပြောပါတယ်။
ယူကရိန်းနိုင်ငံရဲ့ မဟာမိတ်တွေက ကတိပြုပြီးသား သဘောတူညီချက်တွေကို ဖြည့်ဆည်းပေးဖို့ သူက တောင်းဆိုလိုက်ပါတယ်။
“ဝါရှင်တန်မြို့မှာကျင်းပတဲ့ နေတိုးအဖွဲ့ ထိပ်သီးဆွေးနွေးပွဲမှာ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေအ ပြင် ယူကရိန်းနိုင်ငံအတွင် လေကြောင်းရန်ကာကွယ်ရေးစနစ်နဲ့ပတ်သက်လို့ ရမ်စတိန်းအစည်းအဝေးမှာ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေကို အပြည့်အဝ မဖော်ဆောင်ရသေးပါဘူး” လို့ သူက ဆိုပါတယ်။
လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ၊ ဒုံးကျည်တွေ ထုတ်လုပ်ဖို့ ယူကရိန်းကို လိုင်စင်ခွင့်ပြုနိုင် ချေနဲ့ပတ်သက်လို့ သူက မိတ်ဖက်တွေ၊ အမေရိကန်နိုင်ငံတို့နဲ့ ဆွေးနွေးခဲ့တယ်လို့ ၎င်းက ပြောပါတယ်။
ကိုးကား – Reuters
Ref; Zelenskyy calls on allies to honor promises on arms supplies to Ukraine
#Ayeyarwaddy_Times