ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၃ ရက်

ထိုင်ဝမ်ကို ကျူးကျော်သိမ်းပိုက်ရာမှာ တင့်ကားတွေ၊ အခြားပစ္စည်းတွေ သင်္ဘောပေါ်မှချရာမှာ အဆင်ပြေစေဖို့ တရုတ်နိုင်ငံက သင်္ဘောဉီးပိုင်းမှာ လမ်းတံတားတွေတပ်ဆင်နိုင်တဲ့ ရေယာဉ်အုပ်စုတစ်ခု ကို တည်ဆောက်နေတယ်လို့ ဆိုပါတယ်။

မီတာ ၁၂၀ အထိ ရှည်လျားတဲ့ လမ်းတံတားတွေပါတဲ့ ရေယာဉ် (၃) စင်းမှ (၅) စင်းအထိ တရုတ် နိုင်ငံ၊ ကွမ်ကျိုးသင်္ဘောကျင်းမှာ တည်ဆောက်နေတယ်လို့ ဉရောပတိုက်အခြေစိုက် အွန်လိုင်းသတင်းဌာ န Naval News က ဖော်ပြခဲ့ပါတယ်။

သင်္ဘောဉီးပိုင်းမှာ အခြားသင်္ဘောတွေကို ကျောက်ချပြီး ကုန်ချနိုင်တဲ့ ပလက်ဖောင်းတွေ ပါရှိ တယ်လို့ အဆိုပါသတင်းဌာနက ဆိုပါတယ်။

အဆိုပါရေယာဉ်တွေဟာ ဒုတိယကမ္ဘာစစ်အတွင်း နော်မန်ဒီတိုက်ပွဲအတွင်း မဟာမိတ်တပ်ဖွဲ့ တွေ တည်ဆောက်ခဲ့တဲ့ရေယာဉ်တွေနဲ့ ပုံစံတူတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

အဆိုပါရေယာဉ်တွေကို အရပ်ဘက်သင်္ဘောတွေ ကမ်းကပ်ဖို့နဲ့ ထိုင်ဝမ်ကို ကျူးကျော်သိမ်းပိုက်ဖို့ ရည်ရွယ်ချက်နှစ်မျိုးနဲ့ ဒီဇိုင်းထုတ်ပြီး တည်ဆောက်နေတာလို့ Naval News က ဆိုပါတယ်။

ယင်းရေယာဉ်တွေကြောင့် တရုတ်နိုင်ငံက ထိုင်ဝမ်ကို ကျူးကျော်သိမ်းပိုက်ရာမှာ တင့်ကားတွေ၊ တပ်ဖွဲ့တွေကို ကမ်းတက်နိုင်မယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး သတင်းက ဖော်ပြပါတယ်။

ထိုင်ဝမ်က ဆိပ်ကမ်းတွေ၊ အခြားနယ်မြေတွေကို ကာကွယ်ဖို့ ပြင်ဆင်မှာဖြစ်လို့ တရုတ်က အ ခုလို ရေယာဉ်တွေတည်ဆောက်မှုဟာ အပြောင်းအလဲတစ်ခု ဖြစ်လာမယ်လို့ သိရပါတယ်။

ကိုးကား – Taiwan News
Ref; China reportedly builds specialized barges for Taiwan invasion

#Ayeyarwaddy_Times