
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၃ ရက်
ဧရာ၀တီတိုင်း၊ ကျောင်းကုန်းမြို့နယ်တွင် ဇန်နဝါရီလမှ စတင်ပြီး လျှပ်စစ်မီးရရှိချိန် မိနစ်သုံးဆယ်(နာရီ၀က်)သာ ရရှိတော့မည်ဟု မြို့နယ်လျှပ်စစ်ရုံးမှ ကြေငြာထားကြောင်း သိရသည်။
ကျောင်းကုန်းမြို့နယ်အတွက် လျှပ်စစ်သုံးစွဲ၀န်အား 5MW သာရရှိတော့သဖြင့် လျှပ်စစ်မီးသုံးစွဲသူများကို အုပ်စု နှစ်စုခွဲကာ တစ်ကြိမ်လျှင် နာရီ၀က်ခန့်ဖြင့် တစ်နေ့သုံးကြိမ်မီးပေးမည်ဖြစ်ကာ တစ်မြို့နယ်လုံးတွင် တစ်ရက်လျှင်ပျှမ်းမျှမီးလာချိန် သုံးနာရီခန့်သာရှိမည်ဖြစ်သည်။
“နာရီ၀က် တောင်အပြည့်မလာပါဘူး ၁၅မိနစ်နဲ့ပျက် တစ်ချို့ရက်တွေဆို တနေကုန်မလာဘူး “ဟု ကျောင်းကုန်းမြို့ခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ကျောင်းကုန်းမြို့နယ်အပါအ၀င် ဧရာ၀တီတိုင်းရှိ မြို့နယ်များတွင် နေ့စဥ်လျှပ်စစ်မီးများ ဖြတ်တောက်ထားပြီး တစ်နေ့လျှင် လျှပ်စစ်မီးရရှိချိန် ပျှမ်းမျှ မိနစ်၂၀ ခန့်သာရှိပြီး မီးပျက်သည့်အချိန်က များနေသောကြောင့် ဒေသခံများ အခက်အခဲကြုံတွေ့နေရကြောင်းသိရသည်။
ဧရာ၀တီတိုင်းရှိ မြို့နယ်များတွင် ယခင်က တစ်နေ့လျှင် လေးနာရီခန့် လျှပ်စစ်မီး အလှည့်ကျ ရရှိခဲ့သော်လည်း၂၀၂၅ ခုနှစ် ဇန်နဝါရီလ အစပိုင်းမှစတင်ကာ မိနစ်ပိုင်းသာရရှိသည့်အခြေအနေများ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။
#ကျောင်းကုန်းမြို့နယ် #တစ်ကြိန်လျှင် #မိနစ်၃၀ခန့် #လျှပ်စစ်မီးပေး #Ayeyarwaddy_Times