ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၃ ရက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူမြို့ရှိ စစ်ကောင်စီ၏ အမြောက် တပ်သို့ လာရောက်စစ်ကူပေးသည့် စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၆၀ ခန့်သေ ဆုံးသွားကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၉ ရက်နေ့မှ ယမန်နေ့ ၁၂ ရက်နေ့အထိ ကျောက်ဂူ အမတ ၃၄၉ ဘက်သို့ တော်လှန်ရေး တပ်ဖွဲ့များ မကပ်နိုင်စေရေးအတွက် ကျောက်ဂူဘက်မှ ကာပစ်ရန် စစ်ကြောင်းထိုးလာသည့်တပ် တိုက်ခိုက် ခံရပြီး လေးရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ခန့်သေဆုံးသွားကြောင်း တပ်သတင်းရင်းမြစ်ထံမှ သိ ရသည်။

“ပို့လိုက်တဲ့ စစ်ကူစစ်ကြောင်း ကြားဖြတ်တိုက်ခံရတာ ၆၀ လောက်သေတယ်။ တိုက်ပွဲက ရှမ်းတောင် ဘက်ပါ ရောက်လာတဲ့ အနေအထားဖြစ်နေတယ်”ဟု တပ်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

တော်လှန်ရေးတပ်ဖွဲ့များက ကျောက်ဂူအမြောက်တပ် အမတ ၃၄၉ နှင့် အင်တောကာကင်းများကို ဝင်ရောက်တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်မှ တိုက်ပွဲစတင်ပြင်းထန်သည့် ဇန်နဝါရီ ၉ ရက်မှ စ၍ ယနေ့ နံနက်ပိုင်းထိ လေကြောင်းပစ်ကူပေးနေကြောင်း သိရ သည်။

စစ်ကောင်စီတပ်မှ ဒဏ်ရာရရှိသည့် စစ်အရာရှိများကို ခုတင် ၇၀၀ ဆံ့ အောင်ပန်းဆေးရုံသို့ ပို့ဆောင်ကုသထားကြောင်း သိရသည်။

ထို့အပြင် ရပ်စောက်ဘက်မှတက်လာသည့် စစ်ကောင်စီနှင့် PNA တပ်ဖွဲ့များကို TNLA ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်မှုများလည်းရှိကြောင်း သိရသည်။

အလားတူ တောင်ခမ်းရှိ အမြောက်တပ်များကို ဝင်ရောက်တိုက် ခိုက်သည့် ထိုးစစ်ကို TNLA ဘက်က လအတန်ကြာ ရပ်ဆိုင်းထားပြီး ယခု ဇန်နဝါရီလတွင် ထိုးစစ်ပြန်လည်စတင်လာခြင်းဖြစ်သည်။

#ရှမ်းတောင် #စစ်‌ကောင်စီတပ် #စစ်ကူစစ်ကြောင်း #ကျောက်ဂူ #ကြားဖြတ် #တိုက် ခိုက်ခံရ #TNLA #ပူးပေါင်းတပ် #Ayeyarwasdy_Times

Edit-မူလ သတင်းတွင် တောင်ခမ်းဟုဖော်ပြထားပြီး အဆိုပါဖော်ပြမှုနေရာတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူမြို့ ဟုတည်နေရာဖော်ပြမှု မှားယွင်းနေသည်ကို ပြန်လည်ပြင်ဆင်ထားကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။