ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၁ ရက်

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ လူသားချင်းစာနာမှု အကျပ်အတည်း ဖြေရှင်းရာမှာ အာဆီယံအဖွဲ့ရဲ့ စည်းလုံးညီညွတ်မှုနဲ့ ဗဟိုပြုမှုကို ဉီးစားပေးမယ့် အင်ဒိုနီးရှားနိုင်ငံရဲ့ ကတိကဝတ်ကို နိုင်ငံခြားရေးဝန် ကြီး ဆူဂီယိုနိုက ထပ်လောင်းပြောကြားလိုက်ပါတယ်။

“အင်ဒိုနီးရှားနိုင်ငံ အိမ်နီးချင်းကောင်းဖြစ်ဖို့ ရည်ရွယ်တယ်လို့ သမ္မတ ပရာဘိုဝိုဆူဘီယန်တိုက ပြောကြားခဲ့ပြီး ဒါက အာဆီယံဒေသနဲ့ စတင်ပါတယ်” လို့ သောကြာနေ့က နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ ၎င်းက ပြောပါတယ်။

အင်ဒိုနီးရှားသမ္မတရဲ့ ဒေသတွင်းခရီးစဉ်တွေဟာ အင်ဒိုနီးရှားနိုင်ငံအတွက် အာဆီယံအဖွဲ့ရဲ့အ ရေးပါမှုကို မီးမောင်းထိုးပြတယ်လို့ သူက ဆိုပါတယ်။

ပဋိပက္ခ အဆုံးသတ်ရေးနဲ့ ဘုံသဘောတူညီချက် (၅) ရပ် ဖော်ဆောင်နိုင်ရေး တွေ့ဆုံဆွေးနွေးမှု တွေ ပြုလုပ်ကြဖို့ မြန်မာ့အရေးမှာပါဝင်တဲ့ သက်ဆိုင်သူအားလုံးကို အာဆီယံအဖွဲ့က ဆက်လက် အား ပေးမယ်လို့ သူက ဆိုပါတယ်။

“ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ အာဆီယံအဖွဲ့ရဲ့ DNA မဟုတ်ပါဘူး။ အာဆီယံအဖွဲ့ကိုယ်တိုင်က အဖွဲ့ဝင်နိုင်ငံတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့တာကို အသိအမှတ်မပြုပါဘူး” လို့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ ရိုလီယန်ယာဆိုမီရတ်က ဒီဇင်ဘာလ ၁၆ ရက်မှာ ပြောပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ တိုင်းပြည်တစ်ခုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကိုသာ အသိအ မှတ်ပြုကာ ဖော်ဆောင်သင့်တယ်လို့ အင်ဒိုနီးရှားနိုင်ငံက ယူဆပါတယ်။

“အင်ဒိုနီးရှားနိုင်ငံအတွက် မြန်မာဟာ အာဆီယံအဖွဲ့ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အာဆီယံအဖွဲ့ ဝင်ဖြစ်လို့ ကူညီရမှာဖြစ်ပါတယ်” လို့ ဆိုမီရတ်က ဆိုပါတယ်။

ကိုးကား – Antara News
Ref; Indonesia stresses on ASEAN’s centrality to address Myanmar crisis

#Ayeyarwaddy_Times